
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ(၇)ရက်၊ နေ့လည်(၂)နာရီတွင် ဖိနှိပ်ချုပ်ချယ်သော ကျောင်း ဆောင် စည်းကမ်း များကို တကသမှ ဦးဆောင်၍ ကျောင်းသား/ ကျောင်းသူများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ဘွဲ့နှင်းသ ဘင်မှ အဓိပတိ လမ်းမအတိုင်း ဆန္ဒပြသူများကို နံပါတ်တုတ်ကိုင် ရဲသားများနှ င့် မတရားနှိပ်ကွပ်ကြသည်။ ဦးေ ဆာင် သူ တကသမှ ကျောင်းသားများကိုလည်း ဖမ်းဆီးသွားကြသည်။ ဤတွင် ကျောင်းသားထုကမ ခံမရပ်နိုင်ြ ဖစ် လာ...ပြီး ရဲများနှင့် ရုန်းရင်းဆန်းခတ် ဖြစ်ကြရတော့သည်။ ရဲများက မျက်ရည်ယို ဗုံးများကိုသုံး၍ အကြမ်းဖက် နှိမ်နင်းသည်အထိ ယုတ်မာ ရိုင်းစိုင်းလာကြသည်။ အဓိပတိလမ်းတွင် ကျောင်းသားထု က မခံမရပ်နိုင်ဖြစ်လာ ကြ၍ ရဲများကိုခဲများဖြင့် ပြန်လည် ပစ်ခတ်ကြတော့သည်။
လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထုကို ရန်သူ့ နယ်မြေမှ ရန်သူများသဖွ ယ် စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ကြသည်။ သေဆုံးသူ ကျောင်းသား/ ကျောင်းသူများ၏ အလောင်းကို စစ်လော် လီကား(၃)စင်းဖြင့် သယ်ဆောင်သွားပြီး ဖျောက်ဖျက်ပစ်လိုက်ကြသည်။ ကျောင်းသား(၁၀၀)ကျော်သတ်ရုံ ဖြင့်အားမရနိုင်သေးဘဲ ကျောင်းသားထု မှီခိုအားထားရာ ဗမာ့ မော်ကွန်းဝင်မိခင် တ.က.သ အဆောက်အုံကြီး ကိုလည်း(၈.၇.၆၂)ရက်နေ့ နံနက်(၆)နာရီတွင်(ဒိုင်းနမိုက်)နှင့် ဖျက်ဆီး ဖောက်ခွဲ လိုက်ပါတော့သည်။
ထိုဖောက်ခွဲ ဖျက်ဆီးရန်အတွက် ဆွေးနွေးဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် လုံခြုံရေးကောင်စီဝင်များ အားလုံးပါဝင်ပြီး လုံခြုံရေးကောင်စီဥက္ကဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးဘနီ၊ ထောက်လှမ်းရေးဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီး ဘအေးတို့ဖြစ်ကြသည်။ ထိုစဉ်က တက္ကသိုလ်နယ်မြေ လုံခြုံရေးတာ ဝန်ခံ ဒုဗိုလ်မှူးကြီးစိန်လွင်(ရှ စ်လေးလုံး အရေးတော်ပုံတွင် ပြုတ်သွားသော သမ္မတ)က တက္ကသိုလ် သမဂ္ဂကြီးအား ဖြိုဖျက်ပြီးနောက် ယခုကဲ့သို့ သတင်းထောက်များအား ခေါ်ယူပြသခဲ့ သည်။(အောက်ပုံ)
ထို(7-July) အရေးအခင်းကြီး၏ အဓိကတာဝန်ရှိသူ တရားခံများမှာ နေဝင်း - စန်းယု(စစ်အုပ်စု) ကြီးပင်ဖြစ်သည်။ လာမည့် (၇.၇.၂၀၁၃)ရက်နေ့သည် ငါတို့၏ဦးလေး၊ ငါတို့၏ အစ်ကိုခွပ်ဒေါင်းကြီးများ သွေးမြေကျ အသက်စတေး တိုက်ပွဲဝ င်ခဲ့ကြသည့် (၅၁)နှစ်မြောက် ကျောင်းသားတော်လှန်ရေးနေ့ကြီးပင်ဖြစ် သည်။ ထို့ကြောင့် ထိုနေ့ကို ၈၈ မျိုးဆက်ခွပ်ဒေါင်းများ အားလုံးမှ မမေ့မလျော့ အလေးပြုလိုက်ပြါေ ကာင်း မှတ်တမ်းတင်အပ်ပါသည်။
စစ်အောင်
၈၈ မျိုးဆက်ကျောင်းသားဟောင်း
လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင
ထိုဖောက်ခွဲ ဖျက်ဆီးရန်အတွက်
ထို(7-July) အရေးအခင်းကြီး၏ အဓိကတာဝန်ရှိသူ တရားခံများမှ
စစ်အောင်
၈၈ မျိုးဆက်ကျောင်းသားဟောင်း
0 comments:
Post a Comment