
၁၁ ရက်၊ မေလ၊ ၂၀၁၃ ခုနှစ်
TNLA တပ်မတော်တပ်ရင်း ၁၁၂ နှင့် ကွတ်ခိုင်အခြေစိုက် ခလရတပ်ရင်း ၁၂၃ တို့ နမ့်ဖက်ကာအုပ်စု ဂျရမ်းကျေးရွာအနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး မြန်မာစစ်သား ၃ဦး ကျဆုံးကြောင်း သတင်းရရှိပါသည်။
နှစ်ဖက်ရင်ဆိုင်တိုက်ပွဲမှာ
“ကျနော်တို့တပ်ရင်းနဲ့ ဒီနေ့ မနက် ၁၁ နာရီကနေ ၁၂ နာရီကျော်အထိ နှစ်ဖက်တပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်တာ အချိန်တစ်နာရီ ကျော်လောက် တိုက်ပွဲဖြစ်တယ် ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း၄၅ နဲ့ဖြစ်တာ တိုက်ပွဲမှာတော့ မြန်မာစစ်သား ၃ ဦးသေတယ် ဒဏ်ရာရသည့် ရဲဘော်တွေ ဘယ်လောက်လဲ ဆိုတာတော့ မသိရေသေးဘူး” ဟု TNLA တပ်ရင်းမှူးမှ ပြောပြသည်။
မြန်မာတပ်ဖွဲ့တို့သည် ပန်ဆေးပြည်သူ့စစ်နှင့်အတူ ယင်းဒေသတွင် လှည့်လည်လှုပ်ရှားလေ့ရှိပြီး
အင်အား ၁၀၀ ကျော်ရှိ မြန်မာတပ်ဖွဲ့သည် ထိုစခန်းသစ် တည်ဆာက်ရေးအတွက် ပတ်ဝန်း ကျင်ဒေသခံရွာသားများအား ထင်း၊ သက်ကယ်များ ဆင့်ခေါ်တောင်းခံခြင်း၊ ကတုတ်ကျင်း တူးခိုင်းခြင်းတို့ပြုလုပ် ခိုင်းစေသည်ဟုလည်း သိရှိရပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
0 comments:
Post a Comment