Monday, May 13, 2013

လက်နက်စွန့်သွားတဲ့ မြန်မာပြည် ခေတ်အဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကံကြမ္မာ

 
ကျွန်တော်တို့ နိုင်ငံသမိုင်း ဖြစ်စဉ်ထဲမှာ လက်နက် ချေမူန်းခံရသလို့ ကြေပြုန်းသွားရတဲ့ အဖွဲ့အစည်းရယ်လို့ မကြားမိသေးဘူး။ ဒါပေမဲ့ လက်နက်ချတာပဲ ဆိုဆို။ အလင်းဝင်တာပဲပြောပြော လက်နက်စွန့်သွားတဲ့ အဖွဲ့တွေ ကြေပြုန်းသွားကြတာ များစွာရှိပါတယ်။

(၁၉၄၅)ခုနှစ်ထဲမှာ လက်နက်နဲ့ဒီမိုဂလဲလှယ် ဆိုပြီး ပြည်သူရဲဘော်ရှိပါတယ်။ ပါတီ၊ ဦးလှဖေ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊နိုင်အောင်ထွန်း ဦးဆောင်တဲ့ မွန်ပြည်သူ့တပ်၊ ဦးစိန္ဒာ ဦးဆောင်တဲ့ ရခိုင်ပြည်သူ လွတ်မြောက်ရေးပါတီတွေ လက်နက်ချသွားကြတယ်။

အဲ့ဒီအဖွဲ့က ခေါင်းဆောင်တွေဟာ(၁၉၆၀)မှာ ရွေးကောက်ပွဲဝင်ပြီး အချို့ဝန်ကြီးတွေဖြစ်၊ အချို့လည်း အမတ်တွေဖြစ်၊ ဒါပေမဲ့(၁၉၆၂)ခုမှာ ထောင်ထဲရောက်သွားကြရတယ်။

ဘယ်မှာလဲ အားမခံချက်နဲ့ တော်လှန်ရေးအသီးအပွင့်။ (၁၉၆၃) မှာ ကရင်အမျိုးသားတော်လှန်ရေးထဲက သမ္မတလို့ သူ့ အသိုင်း အ၀ိုင်းကခေါ်ဆိုနေတဲ့ မုဆိုးကော်ကဆာ စောဟန်တာသားမွေးနဲ့ ဗိုလ်မုးကြီးလင်းထင်တို့ရဲ့  (KGB)အဖွဲ့ လက်နက် စွန့်သွားတယ်။

ဝင်ခါစမှာ စောဟန်တာမွေးဟာ ရာထူးကြီးကြီးနဲ့ တိုက်တလုံး ကားတစီးရခဲ့တယ်။ ဒါပေမဲ့ ၂-နှစ်လောက် အကြာမှာ ဗိုလ်လင်းထင် အသတ်ခံရပြီး စောဟန်တာသားမွေးလည်း သာမန်အရပ်သား ဘ၀ရောက်သွားခဲ့ရ တယ်။

ပြီတော့ တချိန်တုန်က အယူအဆ ရေးရာမှာ တောက်ပြောင်ခဲ့တဲ့ အလံနီ ကွန်မြူနစ်ပါတီခေါင်းဆောင်း သခင်စိုးကြီးလည်း ငြိမ်းချမ်းရေး တံခါကိုခေါက်ပြီး ဖွင့်မယ်လို့ကြွေးကြော်ကာ လက်နက်စွန့်သွားတယ်။မကြပါဘူး ထောင်ထဲရောက်ပြီး ဘ၀နိဂုံး ချုပ်သွားရတယ်။

(၁၉၉၀) ကျော်လောက်မှာ စစ်အင်အား တသောင်းလောက်နဲ့ လွတ်လပ်တဲ့ ရှမ်းပြည် တည်ထောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ခွန်ဆာဟာ (၁၉၉၆)ခု နှစ်ဆန်းပိုင်းမှာ လက်နက်ချပြီးစ စ်အစိုးရနဲ့ ပူးပေါင်းသွားတယ်။ ခွန်ဆာရဲ့ ဦိးတည်ချက်နဲ့ တော်လှန်ရေး အမွေးအနှစ် ဘာတွေဖြစ်ပြီး ဘာတွေကျန်ခဲ့တဲ့၊ လေ့လာကြည့်စမ်းပါ။ (၂၀၀၅) ခု နှစ်ထဲမှာ ရှမ်းပြည် အမျိုးသားတပ်မတော် (SSNA)က တပ်မဟာမုး ကန်နနဲ့ ကွန်းခေတို့ (လားရှိုး-သိန္နီ အခြေစိုက်)သူတို့ တပ်ဖွဲ့ဝင် တချို့နဲ့အတူ လက်နက်အပ်ခဲ့တယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ(PSLP)က ဦးအိုက်မွန်းနဲ့ (မန်တုံဒေသအခြေစိုက်) အဖွဲ့များ လက်နက် အပ်ခဲ့တယ်။ လက်နက် အပ်ပြီး မကြာခင်မှာ ပလောင်ဒေသအတွင်း မူးယစ်ဆေးဝါ ရောင်းဝယ် ဖြန့်ဖြူမူတွေနဲ့ လုယက်မူ၊ အနိုင်ကျင့် မှုတွေ များပြားလာတာကို တွေရှိခံစားကြရတယ်။ (၂၀၀၇)ခုမှာ ပအိုဝ်းနီလို့ အချို့ ခေါ်ကြတဲ့(ရ-လ-လ -ဖ) ခေါ် (SNPLO) အဖွဲ့အတွင်း အကွဲအပြဲ ဖြစ်ပြီး ဥက္ကဌ ဗိုလ်မုးချစ်မောင်နဲ့ အဖွဲ့ လက်နက်အပ် လိုက်ကြ တယ်။ အခုတော့ အရပ်သားအဆင့်ကို ရောက်သွားပြီး(၂၀၀၈)ထဲမှာ ဥက္ကဌဟောင်း ဦးတာကလယ်နဲ့ ဥက္ကဌဦးစိန်ရွှေ တို့အကြပ်ကိုင် ခံရပြီး လက်နက် အပ်လိုက်ရပြန်တယ် ။ ဒီတော့ သူတို့ဟာ ဂဏန်း လက်မကျိုးမြွေ အစွယ် ကျိုးသလို
မိမိလူထုအကျိုးတွေကို ဘာမှာပြောပိုင်ခွင့် မရှိတော့ဘူး၊ ဒီလို့အရှေ့က နှောင်တော်ကြီးတွေ လက်နက်စွန့်ခဲ့လို့ ဘ၀လည်းပျက်၊ ဦးတည်ချက်လည်း ပျောက်၊ သမိုင်း အမှိုက်ပုံထဲ ရောက်ခဲ့ရတာကို တော်လှန်ရေး သံဝေဂ ခိုင်ခိုင်မာမာ ရခဲ့ကြပြီးလေ

 အခုလက်ရှိ ဦးအောင်မင်း တို့ အဖွဲ့မှ (KIA,SSA,KNU.....)အဖွဲ့တွေကို ပြော ပြောနေကြတဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာတွေ က အား လုံးဒီအဆင်တွေ(ဒီအကွက်၊ ဒီအဖြေ) ဘဲထွက်မယ်ဆိုတာ ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ မရိပ်မိခြင်း(သတိမထား)မိခြင်း လော့.....??
(By-မင်းဟံ ၏ဆောင်းပါးအား LachidKachin မှပြန်လည်ဖြည့်စွက်ထားသည်။

Copy from - Lachid Kachin

0 comments: