
May 6, 2013
လက်ရှိ အစိုးရ စစ်တပ်ကနေ ရှမ်းပြည်မြောက်ပိုင်းတပ်မေ တာ် ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုက်တာဟာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မ တော် ထိန်းချုပ်ထားတဲ့ ၀ ဒေသကို ဦးတည်နေတာ ဖြစ်ကြောင်း သမ္မတကို ပြောခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီလို ဆက်ပြီး တိုက်ခိုက်နေရင် တိုင်းရင်းသားတွေဟာ နီးစပ်ရာ ထွက်ပြေး တိမ်းရှောင်ရင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်တဲ့အခါ ပါလာမှာ မဟုတ်ဘဲ နောင်မှာ နိုင်ငံမဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်သွားနိုင်ကြောင်း သမ္မတကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက် နေပြည်တော်မှာ သမ္မတ နဲ့ နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်တွေ တွေ့ဆုံစဉ် သူက ခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
0 comments:
Post a Comment