
မေလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်
စစ်တွေမြို့တွင် လက်ရှိအချိန်ကျင်၌ မိုးရွာသွန်းမှု၊ လေတိုက်ခတ်မှုများ ရှိနေကြောင်း၊ မြို့ပေါ်တွင် ဆိုင်များနှင့် ဈေးများ ဖွင့်လှစ်မှု မရှိတော့ သလောက်ဖြစ်ကြောင်း Eleven Media Group ၏ သတင်းထောက်က သတင်းပေးပို့ခဲ့သည်။
မိုးရွာသွန်းမှုသည် မေလ ၁၅ ရက်နေ့ ညပိုင်းမှ စတင်ကာ သည်းထန်စွာ ရွာသွန်း နေခြင်းဖြစ်ပြီး မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မြို့ပေါ်၌ လူသွားလူလာ နည်းပါးလျက် ရှိကြောင်းလည်း သိရှိရသည်။
မုန်တိုင်း ဘေးလွတ်ရာသို့ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု များအား ရွှေ့ပြောင်းပြီးပြီဖြစ်ပြီး ဘင်္ဂါလီ အိမ်ထောင်စု များမှာမူ ရွှေ့ပြောင်း ပေးနေရဆဲဖြစ်ကြောင်းလည်း သိရှိရသည်။
ဆိုင်ကလုန်း မဟာစင်သည် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့၏ အနောက်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
Copy from - Eleven Media Group
0 comments:
Post a Comment