Sunday, May 5, 2013

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ရှမ်းပြည်နယ်

 

၎၊ ၅၊၂ဝ၁၃။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ရှမ်းပြည်နယ် မြောက်ပိုင်း ခရီးစဉ်ကို ယနေ့ည ၉းဝဝ နာရီတွင် ရန်ကုန်မြို့၊ ၈၈မျိုးဆက်ရုံးမှ စတင် ထွက်ခွာသွားကြပြီဖြစ်သည်။
 
"မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်" အဖြစ် မေလ ၄ ရက်နေ့မှ စတင်၍ မေလ ၁၂ ရက်နေ့ အထိ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ပြုံးချို၊ အံ့ဘွယ်ကျော် တို့ ဦးဆောင်သည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသည် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများသို့ လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် သွားရောက်ကြမည် ဖြစ်သည်။
 
အဆိုပါခရီးစဉ်တွင် ၎င်းတို့နှင့်အတူ ကိုဇော်ဇော်မင်း၊ ကိုကျော်ဇောနှင့် စမ်းချောင်းကိုကိုကြီးတို့အပါအဝင် သတင်း မီဒီယာအချို့နှင့် အဖွဲ့ဝင် ၃၀ နီးပါး လိုက်ပါသွားကြသည်။ ထိုခရီးစဉ်အတွင်း - မေလ ၅ ရက်တွင် လားရှိုးမြို့၌ လည်းကောင်း၊ မေလ ၆ ရက်တွင် နန့်ကျန်းမြို့ နှင့် လားရှိုးမြို့ တို့၌လည်းကောင်း၊ မေလ ၇ ရက်တွင် သိန္နီမြို့နှင့် ဟိုပန်မြို့ တို့၌ လည်းကောင်း၊ မေလ ၈ ရက်တွင် ကွန်လုံမြို့နှင့် လောက်ကိုင်မြို့ တို့၌ လည်းကောင်း၊ မေလ ၉ ရက်တွင် သီပေါမြို့နှင့် နမ္မတူမြို့၌ လည်းကောင်း၊ မေလ ၁၀ ရက်တွင် နန့်ဆန်မြို့၌ လည်းကောင်း၊ မေလ ၁၁ ရက်တွင် ကျောက်မဲမြို့၌ လည်းကောင်း လူထု တွေ့ဆုံပွဲများ၊ ဒေသဆိုင်ရာ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲများ ပြုလုပ် ဆွေးနွေးသွားကြမည် ဖြစ်သည်။
 
၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် မေလ ၁၃ ရက်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြမည်ဖြစ်သည်။
 
Copy from - 88 Generation Students(FB)စာမျက်နှာသတင်းမှ

0 comments: