Thursday, May 30, 2013

မိုင်းဝီးအနီး ပိန်းခမ်းတောင်တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ အနဲဆုံး ၃ ဦးထိခိုက်ကျဆုံး

၃၀ ရက်၊ မေလ၊ ၂၀၁၃။

နမ့်ခမ်းမြို့နယ် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) တပ်ရင်း ၄၇၈ တပ်ခွဲ (၁) အဖွဲ့တို့ ဒေသစိုးမိုးရေးအတွက်လှည့်လည်လှုပ်ရှားစဉ် မိုင်းဝီးအုပ်စု ပိန်းခမ်းရွာအလွန် စေတီကုန်းအနီးတွင် ယနေ့နံနက် ၁ နာရီခန့်မှ ၂ နာရီနီးပါးအထိ နာရီဝက်နီးပါးကြာ မြန်မာတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆို...င် တိုးပြီး နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်ဖွဲ့ အနဲဆုံး ၃ ဦး ထိခိုက်ကျဆုံး သည်ဟု သိရှိရသည်။

တအာင်းတပ်မတော် တပ်ရင်း ၄၇၈ တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေးအတွက် လှည့်လည်လှုပ်ရှားရာမှ မြန်မာတပ်ဖွဲ့ ခလရ ၁၄၄ တပ်ဖွဲ့ကင်းပုန်းဝပ်ရာ လွယ်ဟွမ်ရွာဘက်လမ်းအထွက် ထိုဘုရားကုန်းအနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 
KIA ဗိုလ်သင်တန်းကျောင်းဆင်း တအာင်းအရာရှိတဦးအား T.N.L.A တပ်မတော်စစ်ဦးစီးချုပ် က ရာထူးအပ်နှံနေစဉ်
 
“ မြန်မာတပ်ဘက်က လူမများပါဘူး။ တပ်ခွဲတခွဲတောင်အပြည့်မရှိဘူး။ TNLA ကလည်း လှည့်လည် လှုပ်ရှားတဲ့ ပြောက်ကျားတပ် ဆိုတော့ တိုက်ပွဲကသိပ်မကြာဘူး။ လက်နက်အကြီးငယ် အစုံပဲ အသံတွေကြားရတာ။ တိုက်ပွဲပြီးတာနဲ့ တအာင်းပြောက်ကျားတပ် တို့ အလျင်အမြန်ကိုပဲ

နေရာဖျောက်သွားတယ်လို့ ဗမာစစ်သားတွေ ပြောတယ်။

သူတို့ခံလိုက်ရတာ တကယ်နာတယ်လို့ ညည်းနေတယ်။” ဟု မြန်မာတပ်ရင်း ၁၄၄ အဖွဲ့အား မနက်ပိုင်းတွင်တွေ့ရှိသည့် မိုင်းဝီးဒေသခံတဦးကပြောပြပါသည်။

“ထိခိုက်ဒါဏ်ရာကတော့ အနဲဆုံး ၃ ယောက်တော့ရှိမယ်။ သေတာမသေတာတော့ မသိရသေးဘူး။ ညမှာဖြစ်တာဆိုတော့ ဘာမှမမြင်ရဘူး။ လူနာညည်းသံနဲ့ လူကိုမြန်မြန်ဆွဲ အမြန်ဖျောက်လို့ သူတို့အချင်းချင်းပြောသံကြားရတယ်” ဟု တိုက်ပွဲဖြစ်ပွားရာ ပိန်းခမ်းရွာသို့အလည်သွားရောက်ရင်း တိုက်ပွဲနှင့်ကြုံခဲ့ရသည့် ရှမ်းလူမျိုးတဦးကရှင်းပြပါသည်။

တအာင်းပြောက်ကျားတပ်ဖွဲ့မှာ နေရာပြောင်းလှုပ်ရှားသွားပြီးဖြစ်သော်လည်း မြန်မာတပ်ဖွဲ့က ဆက်လက်တပ်ဖြန့်ကာ စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု သိရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments: