Saturday, May 4, 2013

အိမ်အချို့မှ မိမိအိမ်အား မီးလောင်လွယ်စေရန် ဓါတ်ဆီများလောင်းခဲ့မှုဖြစ်ပွား


 
ဥက္ကံမြို့ ဖြစ်စဉ်အတွင်း ကနဦးစတင်ဖြစ်ပေါ်ချိန်တွင် အိမ်အချို့မှ မိမိအိမ်အား မီးလောင်လွယ်စေရန် ဓါတ်ဆီများလောင်းခဲ့မှုဖြစ်ပွား ခဲ့မှုနဲ့ပါတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကြည်ညွန့် (အနော်ရထာ ရပ်ကွက်၊ ဥက္ကံမြို့ ) အခုလိုပဲ ပြောကြား ခဲ့ပါတယ်။

ရုတ်ရုတ်ဖြစ်တဲ့အခါမှာ အဲဒီအိမ်က အနံထွက်လာတယ်၊ ပါတ်ဝန်းကျင်ကအိမ်တွေက သိတာပေါ့၊ အနံ့ထွက်လာတော့ လာပြီးတော့ သတင်းပေးတာပေါ့။

စဖြစ်တာနဲ့ နဲနဲ Cover လုပ်ထားတာပေါ့၊

မေး- အန်ကယ်တို့ ၀င်စစ်တဲ့အခါမှာ ဒီအိမ်မှာ နေထိုင်တဲ့လူတွေ ရှိသေးလား
ဖြေ- တစ်ယောက်မှ မရှိတော့ဘူး။

မေး- သူတို့က ဘယ်အချိန်ကတဲက ထွက်သွားတာကို သိသလဲ။
ဖြေ- မနက်ပိုင်းပေါ့၊ စပြီးတော့ အရေးအခင်း ဖြစ်ခါစပေါ့၊ အဲလောက်က။

မေး- ဒီအိမ်ကို ဘယ်သူတွေက ၀င်စစ်လဲ၊ သက်သေတွေက ဘယ်သူတွေပါလဲ။
ဖြေ- ကျွန်တော်တို့ဒီက အုပ်ချုပ်ရေးမှုးရယ်၊ ဒီက မီးသတ်တပ်ဖွဲ့ရယ်၊ ရာအိမ်မှုး၊ ဆယ်အိမ်မှုးနဲ့ပေါ့။

မေး- ၀င်ပြီးစစ်ဆေးတဲ့အခါမှာ အန်ကယ်တို့အနေနဲ့ ဘာတွေများတွေ့သလဲ။
ဖြေ- ဓါတ်ဆီပုံးတွေ မှောက်ထားတယ်၊ တစ်အိမ်လုံး ဓါတ်ဆီတွေ ရွှဲနေတယ်ပေါ့၊

မေး- ဓါတ်ဆီတွေရွှဲနေတယ်ဆိုတော့ ဘာတွေကို လောင်းထားသလဲ။
ဖြေ- ဓါတ်ဆီပုံး မှောက်ခဲ့တာ၊ ကျွန်တော် ဓါတ်ပုံလည်း ရိုက်ထားတာ ရှိတယ်၊ ခေါင်းအုံးတွေ၊ စောင်တွေရော စွပ်ခဲ့တယ်။
 
သတင်းရင်းမြစ် - Ko John(FB)သတင်းသာမျက်နှာမှ

0 comments: