Friday, May 17, 2013

အမေရိကန်ပြည်ရောက် မြန်မာ့အရေးလှုပ်ရှားသူများ စစ်ဗိုလ်ချုပ်ဟောင်း၊ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြမည်

အမေရိကန်ပြည်ရောက် မြန်မာ့အရေးလှုပ်ရှားသူများ စစ်ဗိုလ်ချုပ်ဟောင်း၊ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြမည်
မိုးမခအထောက်တော် ၀၀၃၊ မေ ၁၇၊ ၂၀၁၃
လာမည့် မေ ၁၉၊ ၂၀၊ တနင်္ဂနွေနှင့် တနလာင်္တွင် မြန်မာသမ္မတ (စစ်ဗိုလ်ချုပ်ဟောင်း) ဦးသိန်းစိန် ၀ါရှင်တန်ဒီစီသို့ လာရောက်လည်ပတ်မည်ဖြစ်ရာ၊ ၎င်းသွားရောက်ရာဒေသတိုင်းတွင် မြန်မာ့အရေးလှုပ်ရှားသူ အစုအဖွဲ့တို့က ဆန့်ကျင်ဆန္ဒပြကြရန် ဆော်သြ စီစဉ်လျက် ရှိသည်။ အဆိုပါအဖွဲ့များအနက် IFBN အဖွဲ့က မြန်မာအမျိုးသားများ၊ USCB က အမေရိကန်များက ဆန္ဒထုတ်ဖော်မည့် နေရာနှင့် အချိန်များကို ထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိ မြန်မာပြည်၏ ဒီမိုကရေစီရေးဖော်ဆောင်သည့် အပြောင်းအလဲများကြောင့် စစ်အာဏာရှင်ဟောင်းများ၏ ကြံ့ဖွံ့ပါတီဦးဆောင်သော အာဏာရအစိုးရမှာ နိုင်ငံတကာတွင် အသိအမှတ်ပြုခြင်း၊ မြှောက်စားဂုဏ်ပြုခြင်းများ ခံစားနေရရာ ယခု ဦးသိန်းစိန်၏ ၀ါရှင်တန်ဒီစီ အမေရိကန်နေပြည်တော်သို့ ပထဆုံးခရီးစဉ်မှာ ဆန့်ကျင်ဆန္ဒပြသူတို့နှင့် ရင်ဆိုင်ရမည့် အလားအလာဖြစ်နေသည်။
ဆန္ဒပြမည့်သူများက စစ်အုပ်စု၏ ပြုပြင်ပြောင်းလဲမှုများကို အယုံအကြည်မရှိသေးကြောင်း ဆန္ဒထုတ်ဖော်ခြင်း၊ လက်ရှိအာဏာရအစိုးရ၏ မအောင်မြင်သောလုပ်ဆောင်ချက်များကို ပြစ်တင်ရှုတ်ချခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားဖိနှိပ်ချုပ်ချယ်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများကို ဝေဖန်ထောက်ပြခြင်းတို့ဖြင့် လက်ရှိမြန်မာအစိုးရကို ဖိအားများ ဆက်လက်ပေးမည့်
ခြေလှမ်းဖြစ်သည်ဟု ဆိုနိုင်သည်။
လက်ခံရရှိသော ဖိတ်ကြားစာ ၂ ခု မှာ အောက်ပါအတိုင်းဖြစ်သည်။ ကြံ့ဖွံ့အစိုးရ သမ္မတဦးသိန်းစိန်သည် အမေရိကန်ပြည်အနှံ့ရှိ မြန်မာမိသားစုများ၊ လုပ်ငန်းရှင်များ၊ အသိုင်းအ၀ိုင်းများနှင့်လည်း လိုက်လံတွေ့ဆုံရန် ဆန္ဒရှိကြောင်း၊ ဖိတ်ခေါ်သည့် မြန်မာအသိုင်းအ၀ိုင်းများထံ ကြွရောက်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ပြည်တော်ပြန်လာသည့် မြန်မာ့လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ မြန်မာ့အရေးလှုပ်ရှားသူဟု ဆိုသူများကလည်း သမ္မတဦးသိန်းစိန်ကို ပြည်ပရောက်မြန်မာအသိုင်းအ၀ိုင်းအတွင်း ခေါ်ဆောင် ပွဲထုတ်ရန်၊ အစီအစဉ်များ ရေးဆွဲပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။




နိုင်ငံတကာမြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း (မေလ ၁၉ ရက် ၂၀၁၃ခုနှစ်)
ဗိုလ်သိန်းစိန်နှင့် VOA အားဆန့်ကျင်ဆန္ဒပြပွဲသို့ဖိတ်ကြားခြင်း
လာမည့်တနင်္ဂနွေနေ့ညနေခင်းတွင်ဗိုလ်သိန်းစိန်နှင့် ဗီအိုအေ မိသားစုများတွေ့ဆုံကြမည်ဟု ကြားသိရပါသဖြင့် စစ်မှန်သောဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေး၊ အယောင်ပြ ပြောင်းလဲမှုများအား ဆန့်ကျင်ရေး၊ မတရားဖိနှိပ် ရက်စက်မှုအစုစုကို ဆန့်ကျင်ရှုတ်ချရေးတို့ကိုဦးတည်၍ အောက်ပါအစီအစဉ်အတိုင်း ဆန့်ကျင် ဆန္ဒပြမည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးအသီးသီးမှ ဒီမိုကရေစီရေး လှုပ်ရှားသူးများနှင့် ပြည်သူလူထု အပေါင်းအား ပူးပေါင်းပါဝင် ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
တောင်းဆိုချက်များ
(၁) ခရိုနီစီးပွားရေးစနစ်ကို (ဆန့်ကျင်ကြ)။

(၂) တရားမျှတမှုရှိတဲ့စီးပွားရေးစနစ်ကို (တည်ဆောက်ကြ)
(၃)အတုအယောင်ဒီမိုကရေစီ (အလိုမရှိ)၂
(၄)အမျိုးသားအကျိုးစီးပွားကိုအကာအကွယ်မပေးသော လုံခြုံရေးယန္တရား (ဖျက်သိမ်းကြ)၂
(၅)စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး (ဒို့အရေး)၂
(၆)စစ်မှန်သောဒီမိုကရေစီတော်လှန်ရေး (အောင်ရမည်)၂
နေ့ရက်။ ။ မေလ ၁၉ရက် ၂၀၁၃ ခုနှစ် (တနင်္ဂနွေနေ့)
နေရာ ။ ။ ဗီအိုအေရုံးရှေ့၊ Voice of America( Cohen Building330 Independence Ave. SW, (C Street Entrance)Washington, DC 20237
အချိန်။ ။ ညနေ ၅း ၃၀မှ ၇း၀၀ နာရီအထိ

ဆက်သွယ်ရန်။ ။ကိုရဲထွဋ်(၁၃၄၇၂၂၆၀၅၇၂)၊ ကိုအောင်သန်း(၁၉၁၉-၂၄၀-၉၃၈၃)၊ ဦးထွန်းဝင်း(၁၉၉၀-မင်းပြားလွှတ်တော်အမတ်- ၁၉၁၉-၅၀၀-၀၄၉၄)၊ ဒေါက်တာခင်စိန် (၁၉၁၉၉၂၃၁၉၆၁)၊ ကိုမင်းနိုင် (၁၇၁၆၅၄၄၁၁၇၂) နှင့် IFBNCအမှုဆောင်များ။
အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှငှ်းှုInternational Foundation for Burma National Congress (IFBNC)

သတင်းရင်းမြစ် - မိုးမခ

0 comments: