Monday, May 20, 2013

ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ ဖဆပလ ပဏာမညီလာခံက လက်ခံအတည်ပြုခဲ့တဲ့ ပြည်နယ် ထူထောင်ခွင့်

အခန်း (၁)
ပုဒ်မ ၃။ ဆိုခဲ့ပြီးသော လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော် သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေါ်တွင် ရမည်။

(၁) အောက်ပါ ဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စု ပြည်နယ် အဆင့်အတန်းကို ပေးအပ်ရမည်။

၁။ ပထဝီ အနေအထားအရ-နယ်နမိတ် အထင်အရှားရှိခြင်း၊
၂။ မြန်မာစကားနှင့် မတူသော ဘာသာစကား တမျိုးတည်းရှိခြင်း၊
၃။ ယဉ်ကျေးမှု တမျိုးတည်းရှိခြင်း၊
၎။ ရာဇဝင် အစဉ်အလာ တမျိုးတည်းရှိသော လူစုရှိခြင်း၊
၅။ စီးပွါးရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွါးရေး လုံလောက်မှုတို့ရှိသော-လူစုရှိခြင်း၊
၆။ လူဦးရေ အတော်အတန်ရှိခြင်း၊
၇။ သီးခြား ပြည်ထောင်စု ဒေသတခုအဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်း၊

(၂) ကိုယ်ပိုင် အုပ်ချုပ်ရမည့် နယ်များကို အဆင့်အတန်းကို အထက်ပါ ဂုဏ်အင်္ဂါများ နည်းများ မဆို ရှိပါသော်လည်း စီးပွါးရေး လုံလောက်မှု ချို့ငဲ့နေသော ပြည်သူပြည်သား များအား ပေးအပ်ရမည်။

(၃) လူမျိုးစုပြည်နယ် အဆင့်အတန်းကို နည်းများမဆို သီးခြားဘာသာ စကားရှိခြင်း၊ ထိုဘာသာစကားကို အတော်အသင့် အားဖြင့် တစုတပေါင်းတည်း ပြောဆိုသော ဒေသရှိခြင်း၊ မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်းတို့မှတပါး အထက်ပါ အားလုံးသော ဂုဏ်အင်္ဂါများ၌ ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။

(၄) တိုင်းရင်းသားလူနည်းစု အခွင့်အရေးများကို-
၁။ လူမျိုးအားဖြင့် လည်းကောင်း၊ ဘာသာစကားအားဖြင့် လည်းကောင်း ယဉ်ကျေးမှု အားဖြင့် လည်းကောင်း ရာဇဝင်အစဉ်အလာအားဖြင့် လည်းကောင်း လူများစုနှင့် ကွဲပြားခြားနား၍၊
၂။ မြန်မာ တပြည်လုံး၌ဖြစ်စေ၊ အဖွဲ့ဝင်ဒေသတခုခု၌ဖြစ်စေ ရှိသောလူဦးရေအားလုံး တွင် အနည်းဆုံး (၁ဝ)ပုံ(၁)မျှ လူဦးရေ ရှိသော လူတစုအား ရရှိနိုင်စေရန် ဝန်ခံချက် ပြုရမည်။
အခန်း (၅)

ပုဒ်မ ၂ဝ။ ပြည်ထောင်စု မဟာလွှတ်တော်သည် အဖွဲ့ဝင် ပြည်နယ်သစ်တခုကို ပြည်ထောင်စု နိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုနိုင်သည် သို့မဟုတ် တည်ထောင်နိုင်သည်။ ထိုသို့ ဝင်ခွင့်ပြုသောအခါ သို့မဟုတ် တည်ထောင်သောအခါ ပြည်ထောင်စု မဟာ လွှတ်တော်သို့ အမတ်ဦးရေ မည်၍မည်မျှ ရွေးကောက် တင်မြှောက် နိုင်သည်ဟူသော အချက်လည်း ပါဝင်သော စည်းကမ်းများ ကို ပြုနိုင်သည်၊ သို့မဟုတ် ပေးနိုင်သည်။

ပုဒ်မ ၂၁။ ပြည်ထောင်စု မဟာလွှတ်တော်သည် အဖွဲ့ဝင် တခု၏ သဘောတူချက်ဖြင့် ထိုအဖွဲ့ဝင်၏ မြေ နယ်နိမိတ်တို့ကို တိုးနိုင်လျော့နိုင် သို့မဟုတ် တနည်းနည်းဖြင့် ပြောင်းနိုင်သည်။ ထို့အပြင် မြေနယ်နိမိတ် တိုးခြင်းကြောင့် သို့မဟုတ် လျော့ခြင်း ကြောင့် သို့မဟုတ် ပြောင်းခြင်းကြောင့် ထိခိုက်သည့် အဖွဲ့ဝင် ပြည်နယ်များ၏ အလားတူ သဘောတူချက် မျိုးဖြင့်သာလျှင် ထိုသို့တိုးခြင်းကို သို့မဟုတ် လျော့ခြင်းကို သို့မဟုတ် ပြောင်းခြင်းကို ဖြစ်မြှောက်စေသော ပြဌာန်းချက်ကိုပြုနိုင်သည်။

ပုဒ်မ ၂၂။ အဖွဲ့ဝင်သစ်တခုကို ရှိပြီး အဖွဲ့ဝင်တခုခု၏ နယ်မြေမှ ခွဲထုတ်၍ ဖွဲ့စည်းနိုင်သည်။ ပြည် ထောင်စုမဟာလွှတ်တော် သည် ပြည်နယ် သစ်တခုကိုလည်းရှိပြီး အဖွဲ့ဝင်နှစ်ခုဖြင့် ဖြစ်စေ၊ နှစ်ခုထက်ပိုသော အဖွဲ့ဝင်များဖြင့် ဖြစ်စေ၊သို့မဟုတ် အဖွဲ့ဝင်များ၏ တစိတ်တ ဒေသတို့ ဖြင့်ဖြစ်စေ၊ ဖွဲ့စည်းနိုင်သည်၊ သို့ဖွဲ့စည်းရာတွင် ပြည်ထောင်စုမဟာလွှတ်တော်နှင့် သက်ဆိုင် ရာအဖွဲ့ဝင်များ၏ သဘောတူညီချက်ကို ရမှသာလျှင်ဖြစ်နိုင်သည်။
အခန်း (၁၂)ပုဒ်မ ၁။ ... ခွဲထွက်သောနိုင်သော အခွင့် အရေးကို ပြည်ထောင်စု ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ရ ပြည်နယ်များအား ပေးထား ရမည်။
 
ဂါမဏီ­
­

0 comments: