ယနေ့ မနက် ၇နာရီခွဲက ကမ္ဘာအမြင့်ဆုံး မျှော်စင်များတွင် တခုအပါအဝင်ဖြစ်ပြီး 634.0 metres (2,080 ft) ရှိတဲ့Tokyo Sky Tree မျှော်စင်သို့ မြန်မာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နာရီဝက်ကျော် သွားရောက် ကြည့်ရှု လေ့လာခဲ့သည်..။
ပြီးခဲ့တဲ့၂၀၁၂ မေလက ဖွင့်လှစ်ခဲ့တဲ့ အဆိုပါမျှော်စင်ဟာ ကြည့်ရှုသူများ အလွန်များပြီး ယနေ့အထိ ကြိုတင် Booking လက်မှတ်များဖြစ်သာ ဝင်ရောက် ကြည့်ရှုခွင့် ရတဲ့ မျှော်စင်ဖြစ်ပါတယ်..။
သာမာန်ပြည်သူများအတွက် မနက်(၈)နာရီမှာသာ စတင်ဖွင့်လှစ်တဲ့ အဆိုပါမျှော်စင်အား ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးသီးသန့် ဧည့်သည်တော် အနေဖြင့် မနက်၇နာရီခွဲမှာ တက်ရောက်ကြည့်ရှု စေချင်းဖြင့် ဂုဏ်ပြုခဲ့ပါသည်။
ရုပ်သံ FNN
သတင်းရင်းမြစ် - ဒီမိုဝေယံ

0 comments:
Post a Comment