Wednesday, April 3, 2013

TNLA,နှင့် တိုက်ပွဲတွင် အစိုးရစစ်သား(၈)ဦးကျ၊ (၄)ဦးအား (TNLA)မှ အရှင်ဖမ်းဆီးရမိ

 
ရှမ်းပြည်နယ် မြောက်ပိုင်း KIA,တပ်ရင်း(၃၄)ဒေသအနီးTNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ တို့လှုပ်ရှားရာ ဒေသများ ဖြစ်သော လွယ်လုံ၊ နမ့်ဆမ်၊ မာန်ဆိုင်းခေါင်ဘွမ်ဒေသ သို့ထိုးစစ်ဆင် ကျူးကျော်ဝင်ရောက်လာသော မြန်မာအစိုးရ စစ်ကြောင်း နှင့် (TNLA) တပ်ဖွဲ့ တို့ ၂၀၁၃၊ဧပြီလ၊ ၂၊ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိရပါသည်။

 ဤကဲ့သို့ တိုက်ပွဲ ဖြစ်ရာတွင် မြန်မာ အစိုးရစစ်တပ်ဘက်မှ (၈)ဦးကျဆုံးပြီး (၄)ဦးအား TNLA, မှ အရှင် လက်ရဖမ်းဆီး ရမိကြောင်း သတင်းရရှိပါသည်။
 
Copy from - Lachid Kachin

0 comments: