Thursday, April 11, 2013

တအာင်း(ပလောင်)ဒေသ PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပုရိပ်များ



PSLF/TNLA သည် ၂၀၁၂-ခု စ၍ တအာင်း(ပလောင်)ဒေသအတွင်း ---

- မူးယစ်းဆေးဝါး ထုတ်လုပ်ခြင်း စိုက်ပျိုးခြင်း မပြုရ
- မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း မပြုရ
- မူးယစ်းဆေးဝါး သုံးစွဲခြင်း မပြုရ ၊ ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူသွားမည်။
 
    ပုံ- PSLF/TNLA

အထက်ပါ အမိန့်ကြေညာချက် ထုတ်ပြန်ပြီး မူးယစ်းဆေးဝါး သားကောင် ဖြစ်နေသည့် တအာင်းပလောင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို ဖော်ဆောင်နေပြီဖြစ်သည်။

ဒေသအတွင်း မူးယစ်ဆေးဝါး ပျံ့နှံ့နေခြင်းသည် လူထုက စားစရာ မရှိ၍ ဘိန်းစိုက်ပျိုးခြင်းထက် အာဏာပိုင်များ များနေပြီး ဘိန်းပျံ့နှံ့ တိုးပွားနေအောင် အားပေး လုပ်ဆောင်နေသည့်အတွက်ကြောင့် PSLF/TNLAမှ ပထမ ခြေလှမ်းအနေဖြင့် မူးယစ်းဆေးဝါး ပပျောက်ရေး ဟောပြောပွဲများ ပညာပေးများ လုပ်ဆောင်ပြီး ယခုအခါတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သူများ စိုက်ပျိုးသူများ အရောင်းအ၀ယ် လုပ်သူများကို ထိရောက်စွာ အရေးယူလျက်ရှိသည်။


 

ရှေးလုပ်ငန်းစဉ်တွင် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးနိုင်ရေးကိုလည်း ကဏ္ဍကြီးတစ်ခုအနေဖြင့် အလေးထားပြီး ဆောင်ရွတ်သွားမည်ဖြစ်သည်။ေ ဒေသအတွင်း မူးယစ်ဆေးဝါး ဘိန်း ရာဘ ဘိန်းဖြူ ဘိန်းမဲစသည်များ ပပျောက်ဖို့အတွက် အားလုံးပူးပေါင်းပါဝင်ကြပါလို့ နှိုးဆော်လိုက်ပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNL­­A

0 comments: