Thursday, April 4, 2013

ဂျပန်ဒုဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီးMr.Taro Aso မှ UNFC ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ။

 
ယနေ့ညနေ ၂း၀၀ နာရီ၌ ဂျပန်ဒုဝန်ကြီးချုပ်၊ဘဏ္ဍာရေးဝန်ကြီးMr.Taro Aso မှ တိုင်းရင်းသားခေါင်းဆောင် UNFC ကိုယ်စားလှယ်များအား ၁ နာရီကြာခန့် လက်ခံ တွေ့ဆုံပါသည်။
 
ထိုသို့ တွေ့ဆုံရာတွင် လက်ရှိ တိုင်းရင်းသားဒေသအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် တိုင်းရင်းသားများ၏ ရပ်တည်ချက် ဆန္ဒသဘောများသို့ တင်ပြ ဆွေးနွေးခဲ့ပြီး ဒုဝန်ကြီးချုပ်မှလည်း လက်ရှိမြန်မာအစိုးရနှင့် တိုင်းရင်းသားများတို့အပေါ် ထားရှိသည့် ဆန္ဒသဘောထားများကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
 
သတင်းမှတ်တမ်း ။ Mai Kyaw Oo

0 comments: