Wednesday, April 17, 2013

“ဘော်စတွန်ဗုံးပေါက်ကွဲမှုမှ ဖောက်ခွဲရေးပစ္စည်းများ FBI ထုတ်ဖော်ပြသ”



တနင်္လာနေ့ (ဧပြီ ၁၅ ရက်) က မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု နှစ်ခုတွင် တပ်ဆင်အသုံးပြုခဲ့သည့် ဖောက်ခွဲရေးပစ္စည်း အပိုင်းအစများကို အမေရိကန်တာဝန်ရှိသူများက ထုတ်ဖော်ပြသလိုက်သည်။

အမေရိကန် FBI က ပြသသည့် ဗုံးအဖြစ်တပ်ဆင်ထားသော ပစ္စည်းများမှာ ပေါက်ကွဲမှုကြောင့် တွန့်လိမ်ကောက်ကွေးနေသည့် သတ္တုဗူးခွံ၊ ဝါယာကြိုးများ၊ ဓာတ်ခဲတစ်လုံးနှင့် ဆားကစ်ဘုတ်ပြား အသေးတစ်ခုတို့ ပါဝင်သည်။

FBI ၏ ပြောကြားချက်အရ ပေါင်းအိုးတစ်ခုကို အိမ်ရိုက်သံများ၊ စက်ကိရိယာသုံး ဘောစေ့များနှင့် အခြား သတ္တုပစ္စည်းများဖြင့် ပေါင်းစပ်ထည့်သွင်းကာ ဗုံးအဖြစ် တပ်ဆင်အသုံးပြုခဲ့ဖွယ်ရှိကြောင်း Sky News တွင် ဖော်ပြသည်။
 
Copy from - Planet Myanmar Network

0 comments: