Saturday, April 13, 2013

ဂျပန်ရောက် ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာမိသားစုများတွေ့ ဆုံပွဲ


Photo by - Lian Khan Sum
ဧပြီလ ၁၃ရက် မနက်ပိုင်းက တိုကျိုရာက်ရှိလာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပတ်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ်မှာ ပထမဦးဆုံး အစီအစဉ်အဖြစ် ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာလူမျိုး စုစုပေါင်း ၁၇၀၀ ကျော် လာရောက်ခဲ့ ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရောက် မြန်မာမိသားစုတွေကို အများအကျိုး ကို တနေ့ထက်တနေ့ တိုးလို့ သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေ၊ မြန်မာနိုင်ငံ အကျိုးအတွက်လည်း ကူညီ ဆောင်ရွက်နိုင်ကြပါစေလို့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရောက် မြန်မာမိသားစုကို မြန်မာ့ နှစ်သစ်ကူးဆုမွန် တောင်းပေးခဲ့သလို ဂျပန်နိုင်ငံရဲ့ စည်းကမ်း စနစ်ကြီးတာကို အတုယူဘို့ ပြောကြားသွားပါတယ်။
 
Copy from : DVB TV News

0 comments: