Friday, April 12, 2013

ပစ်မှတ်


April 12, 2013

တပ်မတော်နေ့ ချီတက်လာတဲ့ စစ်ရေးပြ စစ်ကြောင်းကြီးတွေနဲ့အတူ ဒီနှစ်တော့ တမူထူးခြားစွာနဲ့ 'မြေပြင်မှ မြေပြင်ပစ်' ဒုံးပျံတွေလည်း ပြသလာပါတယ်။

ဒါကို စိတ်ဝင်စားနေတဲ့ သတင်းထောက်တယောက်က စစ်အရာရှိကြီးတဦးကို ချဉ်းကပ်မေးမြန်း ပါတော့တယ်......

"ဒီဒုံးပျံတွေပစ်ဖို့ စစ်သည်အင်အား ဘယ်လောက်သုံးရပါလဲ"
အရာရှိကြီးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေတယ် ... ...

" ၂ ယောက် "
"နည်းလှချည်လား"
"ဟုတ်တယ်၊ တယောက်က ပစ်ဖို့၊ နောက်တယောက်က CNN TV က သတင်းကြည့်ဖို့”
"ဘာ့ကြောင့် CNN TV က ကြည့်ရတာတုံး"
"ဟ ... ဒါမှ ပစ်လိုက်တဲ့ ဒုံးပျံ ဘယ်နားကျလဲ သိမှာပေါ့ကွ"... တဲ့။

(ပြောဖို့ ကျန်သွားတယ်ဗျို့၊ အဲဒါ အီရန်မှာပါ… ….)


အားလုံး နည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ …
သန်၎ကို
သတင်းရင်းမြစ် - ဧရာဝတီ

0 comments: