“ ဆွေးနွေးပွဲ ဖွင့်ပွဲရက်မှာဘ
ဲ ဝ ပြည်နယ်ကိုယ်စားလှယ်အဖြစ် တက
်ရောက်တဲ့ သျှောင်းဆမ်ခွန်းရဲ့ ဝ ပြည်နယ် ထူထောင် ခွင့်ပေးဖို့ တောင်းဆိုတဲ့ ကိစ္စ။ ဖွင့်ပွဲပြီးဆုံးတော့ သျှောင်းဆမ်ခွန်းက ဦးအောင်မင်းနဲ့တွေ့တယ်။ ဦးအောင်မင်းက သူ့ကိုပြော လိုက်တယ်။ ၀ ပြည်နယ် ပေးဖို့ကိစ္စ သူ့မှာ ဘာအာဏာမှ မရှိဘူး။ လွှတ်တော်ထဲမှာဘဲ ဆုံးဖြတ်ခွင့်အာဏာ ရှိတယ် လို့ပြောတယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ
တဦးကပြောသည်။
သျှမ်းပြည်နယ် - ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေ
းနွေးပွဲ ၏ ပထမရက်ဖြစ်သော မတ်ခ်ျလ ၂၀ ရက်နေ့ ဖွင့်ပွဲအခမ်းအနား၌ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မေ
တာ်၏ ကိုယ်စားလှယ်အဖြစ်တက် ရောက် သော UWSP /
ဒုပြင်ပဆက်ဆံရေးမှူး သျှောင်းဆမ်ခွန်းက “ သီးခြား ၀ ပြည် ထူထောင်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာ ရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြတယ် ။ ၁၉၉၃ ကတည်းက တောင်းဆိုလာ တယ်။ ဦးအောင်မင်း ပန်ဆန်း လာ တုန်းကလဲ ပြောတယ်။ ၀ ပြည် မထူထောင်နိုင်သရွေ့ ဆက်ပြီးတောင်းဆိုသွားမယ် ” ဟု ပြောဆိုသည့်အပေါ် ဦးအောင် မင်းက တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သ
ည်။
၎င်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင်လည်းဖြစ်ပြောခွင့
်ရပုဂ္ဂိုလ်လည်းဖြစ်သော စိုင်းလိတ်က- ၀ ပြည်နယ်တောင်းတယ်ဆိုတာ သူ့မှာတောင်းပိုင်ခွင့်ရှိလ
ို့တောင်းတာဘဲ။ ပေးမပေး ကိစ္စက ကျနော်တို့ သျှမ်းပြည်ထဲမှာ ရှိနေတဲ့ အခြားတိုင်းရင်းသားတွေ တောင်မှ ဘာအခွင့်အရေးမှမရှိသေးတော့ ဘာမှဝေဖန်ချက်ပေးဖို့မရှိပါ
ဘူး- ဟုသျှမ်းသံတော် ဆင့်အားပြောပြဖူးပါသည်။
ထို့အပြင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မေ
တာ် ထိန်းချုပ်နယ်မြေအတွင်းသို့
လည်း တခြားသော တိုင်းရင်းသား နယ်မြေများကဲ့
သို့ မြန်မာအစိုးရ၏ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ယန္တရား ချပေးရန်ဆန္ဒရှိကြောင်း သျှောင်းဆမ်ခွန်းအား ဦးအောင်မင်းကပြောကြားသည်ဟုဆ
ိုပါသည်။
သျှောင်းဆမ်းခွန်းဘက်မှ ဤကိစ္စ အထက်သို့ဆက်လက်တင်ပြသွားမည်
ဟုဆိုပါသည်။
နောက်ဆုံးရရှိသော သတင်းအရ ယခင်က နိုင်ငံသား မှတ်ပုံတင်မရှိသေ
ာ ၀ အမျိုးသားများကို ၀ ပြင်ပ ဆက်ဆံရေးဌာနမှ လက်မှတ် ထုတ်ပေးလျှင်တန့်ယန်
းကို ကျော်ဖြတ်၍ တိုင်းပြည်အနှံ့ သွားနိုင်ခဲ့ကြောင်း၊ သို့သော်ပြီးခဲ့သည့် အပတ်မှစ၍ မြန်မာ အာဏာပိုင်များက ပြင်ပ ဆက်ဆံရေးဌာန လက်မှတ်ကို
င်ဆောင်သူများ ဖြတ်သွားခွင့်
အား ပိတ်ပင်ခဲ့ကြောင်း ကြားသိရပါသည်။
မတ်ခ်ျလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ ပရူနိုင်း နိုင်ငံ တို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် သည် ဟု သိရှိရပါသည်။
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်
0 comments:
Post a Comment