Friday, April 12, 2013

ဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့ ခရီးမထွက်မီ နာရီပိုင်းအလို နှစ်သစ်ကြို ဆုတောင်း

 ဓါတ်ပုံ-မင်းမင်းထွန်း

''လိုရာဆန္ဒအ၀၀ ကနေ့ ပြည့်စုံကြပါစေ။ ဆတက်တပိုး တိုးပြီးတော့ အများရဲ့ အကျိုး ထမ်းဆောင် နိုင်ပါစေ။ သားတို့ သမီးတို့ရဲ့ကြိုးပမ်းမှုကြောင့်မလို့ အမေတို့ရဲ့ နိုင်ငံကြီးလည်း ဒီနေ့ကနေ စပြီးတော့ ပိုပြီးတော့ တိုးတက်နိုင်ကြပါစေ။ ရွှင်လန်းနိုင်ပါစေ။ အေးချမ်းနိုင်ပါစေလို့  ဒီမှာ လာတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ 

အမေဒီမှာ ကြာကြာဆက်မနေနိုင်တာကို ခွင့်ပြုနော်။ 


ဒီညနေ ခရီးသွားရမှာမို့ အထုပ်အပိုးလေးတွေ ပြန်ပြင်လိုက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်။"လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ကဒီကနေ့ ညနေ ၃နာရီခွဲမှ ၄နာရီထိ တက္ကသိုလ်ရိပ်သာလမ်း ခြံ အမှတ် ၅၄ရှေ့ မှာ သင်္ကြန်ေ တးသံချပ်များနဲ့ ဖျော်ဖြေ တင်ဆက်ကန်တော့ ပန်းဆင်တဲ့ ပေးဆပ်သူများ မြန်မာ့ရိုးရာ ယဉ်ကျေးမူ မဟာသင်္ကြန် ပြည်သူ့  အကျိုးပြု ဖျော်ဖြေရေးအဖွဲ့ (နာရေးကူညီမူအသင်း(ရန်ကုန်)သုခ မျိုးဆက်သစ် ကုသိုလ်တော် အနုပညာအဖွဲ့ )နဲ့ ပရိသတ်များကို နှစ်သစ်ကြို ဆုတောင်း မင်္ဂလာစကား ပြောကြား ပေးခဲ့ပြီး မျိုးဆက်သစ် ကုသိုလ်တော် အနုပညာအဖွဲ့  ဦးစီးဦးဆောင်ဖြစ်သူ ဦးကျော်သူနဲ့  သံချပ်အဖွဲ့ ကိုလည်း ဆုတော်ငွေ ပေးအပ်ခဲ့ပါတယ်။  
သတင်း-ထူးထူး၊

Copy from - Popular Journal

0 comments: