၃၀-ဧပြီလ-၂၀၁၃
ရှမ်ပြည်နယ်မြောက်ပိုင်းမန်တုံမြို့နယ် ရေပုံကျေးရွာတွင်အခြေစိုက်နေသော မြန်မာစစ်တပ် ခလရတပ်ရင်း (၅၀၂) စစ်သား များမှ ရေပုံးရွာရှိတအာင်းအမျိုးသမီးနှစ်ဦးကိုဧပြီလ ၁၉-၂၀ ရက်နေ့တွင်အတင်း အဓမ္မပြုကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။
၁၉ရက်နေ့တွင် ခလရ(၅၀၂)တပ်ရင်းစစ်သားတစ်ဦးမှ ည ၉နာရီ အချိန် တွင် ရေပုံးရွာနေ အသက် ၃၇ နှစ် ရှိမုဆိုးမ မအီအီင်ဆိုသူ အိမ်ထဲဝင်ရောက်ပြီး သူ့မကို ပါးစပ်ပိတ်ကာအတင်းအဓမ္မပြုခဲ့ကြောင်းနှင့် တစ်ခြား သူများကို သတင်းပေးပါက သတ်ပစ် မည့်ဟုခြိမ်ခြောက်ပြောဆိုခဲ့ပါသည်။ထိုနည်းတူ ဧပြီလ၂၀ရက်နေ့ တွင် လည် ခလရ တပ်ရင်း (၅၀၂)နောက် ထပ်စစ် သားတစ်ဦးမှ မအီခင်(ခေါ်) ကလေးအမေတစ်ဦးကို လက်ဖက်ခြံ တွင် အတင်းအဓမ္မပြု ကျင့်ကြောင်းသိရှိရပါသည်။
ဖြစ်ပွားပုံမှာမအီအီမှ လက်ဖက်ခြံတွင်လက်ဖက်ခူးနေစဉ် ဗမာစစ်သား တစ်ဦး မှ ရောက်ရှိလာပြီးသူ့မအား ဓါးဖြင့်ထောက်ပြီး အတင်းအဓမ္မပြုကျင့် ခဲ့ကြောင်းမအီအီခင် ကသူ့မမှာအိမ်ထောင်နှင့် ကလေးရှိကြောင်း ငိုပြီး တောင်းပန်းခဲ့ရာ တွင်လည်းမရ ကြောင်းနှင့် ၎င်းစစ်သားမှ သတင်းပေါက်ကြား ပါကမိသားစု အားလုံးကို သတ်ပစ်မည်ဟု ခြိန်းခြောက်ခဲ့ ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.LF
ဆက်သွယ်ရန် +၈၆ ၁၈၃၀ ၆၉၄ ၆၀၉၇
ဒေသခံတစ်ဦးမှခလရ (၅၀၂) တပ်ရင်းကျနော်တို့ရွာဖက် ကိုစခန်းလာချတာဒေသခံတွေ အတွက် အရမ်းကိုစိုးရိမ်ရတယ်၊ သူတို့စခန်း ဆောက်တဲ့အချိန်လဲ ရွာသားတွေကို လုပ်အားပေးခေါ်တယ်၊ အခုဖြစ်တဲ့ပုံက ဒီဗမာစစ်သားတွေက အရမ်းကိုရိုင်း တယ်ဗျာ၊ ကျနော်တို့ ပလောင်တွေကလက်ဖက်ပဲအား ကိုနေရတာ ကိုယ်သားသမီးတွေကို လက်ဖက် ခြံသွားဖို့ အတွက် အရမ်းကို စိတ်ပူနေရသည်ဟု ပြောသည်။
ဒေသခံများမှာသက်ဆိုင်ရာကိုတိုင်ကြားမည်ဆိုလျင် မြန်မာစစ်သားများရိုက်နှိပ်ဖမ်း ဆီးမည်ကို ကြောက်သောကြောင့် ယခုချိန်ထိမည်သည့်သက်ဆိုင်ရာသို့ တိုင်းကြားခြင်းမရှိသလို (၅၀၂)တပ်ရင်းမှ တာဝန်ရှိသူ များ ကလဲ ဘာမှအရေးယူလုပ် ဆောင်ပေးတာမရှိကြောင်းသတင်းရရှိပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.LF
ဆက်သွယ်ရန် +၈၆ ၁၈၃၀ ၆၉၄ ၆၀၉၇
0 comments:
Post a Comment