Friday, April 19, 2013

ဘော့စတွန် တိုက်ခိုက်မှုအတွက် သံသယရှိသူတစ်ဦး အသေမိ

ဘော်စတွန်မြို့တွင်း ဗုံးခွဲတိုက်ခိုက်သူများကို ရှာဖွေ၊ ရေးလုပ်နေစဉ်။
ဘော်စတွန်မြို့တွင်း ဗုံးခွဲတိုက်ခိုက်သူများကို ရှာဖွေ၊ ရေးလုပ်နေစဉ်။
ဘော့စတွန်မာရသွန် အပြေးပြိုင်ပွဲမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မသင်္ကာရသူ ၂ ဦးထဲက တဦးသေဆုံးသွားပြီး နောက်တယောက်ကတော့ ခုချိန်ထိ ဖမ်းမမိသေးဘူးလို့ မက်ဆာချူးဆက်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ လွတ်မြောက်နေသူကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဘော်စတွန်မြို့ ဆင်ခြေဖုံးမှာ တစ်အိမ်တက်ဆင်း လိုက်လံ ရှာဖွေနေပါတယ်။

အခု လွတ်နေသေးတဲ့သူဟာ ဗုံးခွဲခဲ့သူ ၂ ဦးထဲက ဦးထုပ်အဖြူဆောင်းထားပြီး မသင်္ကာသူ အမှတ် ၂ လို့ အာဏာပိုင်တွေက အမည်ပေးထားတဲ့သူ ဖြစ်ပါတယ်။ အဲဒီလူဟာ လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ်ရှိတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ဘော်စတွန်မြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ Watertown မြို့ခံတွေ အနေနဲ့ ကိုယ့်အိမ်ထဲမှာပဲ နေကြဖို့၊ တံခါးလာခေါက်ရင်လည်း ရဲတပ်ဖွဲ့ဝင်တွေ ကလွဲလို့ ဘယ်သူ့ကိုမှ တံခါး ဖွင့်မပေးဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မနေ့ည ၁၁ နာရီကျော်လောက်မှာ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး မသင်္ကာသူ ၂ ဦးထဲက တဦးဟာ သေနတ်ဒဏ်ရာတွေ နဲ့ ဆေးရုံမှာ သေဆုံး သွားတာပါ။ Watertown မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ ရောက်ရှိနေပြီး FBI ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို၊ ဗုံးနဲ့ ဖောက်ခွဲရေးဆိုင်ရာ ကျွမ်းကျင်သူတွေလည်း ရောက်ရှိနေတယ်လို့ အခင်းဖြစ်ပွားတဲ့နေရာ အနီးမှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် Carolyn Presutti က ပြောပါတယ်။

ဒီကနေ့တော့ ဘော်စတွန်မြို့က သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတချို့ကို အာဏာပိုင်တွေက ပိတ်ထားလိုက်ပြီး မြို့ခံတွေအနေနဲ့လည်း အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မော်တော်ယာဉ်တွေ လည်း ၀င်ထွက်ခွင့် ပိတ်ပင်ထားပါတယ်။

မသင်္ကာသူကို လိုက်လံ ရှာဖွေနေဆဲ ဖြစ်တာကြောင့် မြို့ခံတချို့ကို အာဏာပိုင်တွေက ဘတ်စ်ကားနဲ့ အပြင်ကို သယ်ထုတ်နေပါတယ်။
 
Copy from - voanews.com/

0 comments: