
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံရေးအတွက် ကရင်ပြည်နယ် အတွင်းမှာ ပြင်ဆင် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ကရင်ပြည်နယ်အတွင်း ထိုင်းမြန်မာ နယ်စပ်တလျောက် မြို့နယ်ခွဲ(၉)ခု ကို သတ်မှတ်ထားပြီး၊ အဲဒီမြို့နယ်ခွဲတွေကတော့ ဘောဂလိ၊ လိပ်သို၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်၊ ကမမောင်း၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ဝေါလေမြိုင် နဲ့ ဆုခလိ တို့ဖြစ်ကြပါတယ်။
ပြန်လာသူတွေအတွက် ထောက်ပံ့ကူညီရေးဆိုင်ရာ စီမံချက်တွေရေးဆွဲထားတယ်လို့  ကရင်ပြည်နယ် အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင် က ပြောပါတယ်။-
ဒါ့အပြင် ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ကူညီရေးအဖွဲ့တွေလည်း လာရောက်ျနကြောင်း၊ လတ်တလော အနေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တဆင့် ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း၊ဂျိုက် ကာနဲ့ဂျပန်ပလက်ဖောင်းအဖွဲ့ေ တွက စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ ၀န်ကြီး ဗိုလ်မှူးကြီး
ပြန်လာသူတွေအတွက် ထောက်ပံ့ကူညီရေးဆိုင်ရာ စီမံချက်တွေရေးဆွဲထားတယ်လို
ဒါ့အပြင် ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ကူညီရေးအဖွဲ့တွေလည်း လာရောက်ျနကြောင်း၊ လတ်တလော အနေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက
အောင်လွင်က ပြောပါတယ်။
"လတ်တလော ပြန်ရောက်မယ်ဆိုရင်သူတို့ ယာယီ စားသောက်နေထိုင်ဖို့ အတွက်က ထောက်ပံ့ပေးရမယ့် အပိုင်းကတစ်ပိုင်းပေါ့နော်။ နောက်တစ်ခါ သူတို့ရေရှည် ရပ်တည်ဖို့က တစ်ပိုင်းပေါ့နော်။စိုက်ပျိုးမွေးမြူရေးတွေ အခြေခံ လုပ်ရမယ်။ဒေသအလိုက် SME တွေဖြစ်အောင် ဘားအံစက်မှုဇုန်တို့ မြဝတီစက်မှုဇုန်တို့ ဘုရားသုံးဆူ စက်မှုဇုန်တို့ ခရီးသွားလုပ်ငန်းတွေကို ဖန်တီးပေးရမှာပေါ့"
အခုလိုဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ြ ပီး လူဦးရေ(၅)သောင်းဝန်းကျင်ရှိတဲ့ မယ်လ ဒုက္ခသည် စခန်း လုံခြုံရေးတာဝန်ခံ စောအားမူက
"ပြန်ခြင်တဲ့သူတစ်ယောက်မှ မရှိပါဘူး။ကိုယ့်တိုင်းပြည် အခြေအနေက ဘာမှန်းမသိတဲ့ အခြေအနေမှ မဟုတ်သေးတာ ဘယ်သူမှ မပြန်ခြင်သေးပါဘူး"
မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံတွင်းက ဒုက္ခသည်စခန်း(၉)ခုမှာ နှစ်ပေါင်း(၂၀)လောက် နေထိုင်နေပြီး၊ တရားဝင်စာရင်းအရ လူ တစ်သိန်းနှစ်သောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကပြောပါတယ်။
ဒါပေမဲ့ NGO အဖွဲ့တွေအဆိုအရ ဒုက္ခသည်စခန်းတွေမှာ တရားမ၀င်နေထိုင်သူတွေလည်းရှိနေတဲ့အတွက် လူဦးရေ စုစုပေါင်းဟာ တရားဝင်စာရင်းထက် အများကြီးပိုလိမ့်မယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သ က်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ၀န်ကြီး ဗိုလ်မှုးကြီး အောင်လွင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
Copy from - RFA Burmese
"လတ်တလော ပြန်ရောက်မယ်ဆိုရင်သူတို့ ယာယီ စားသောက်နေထိုင်ဖို့ အတွက်က ထောက်ပံ့ပေးရမယ့် အပိုင်းကတစ်ပိုင်းပေါ့နော်။
အခုလိုဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ြ
"ပြန်ခြင်တဲ့သူတစ်ယောက်မှ မရှိပါဘူး။ကိုယ့်တိုင်းပြည်
မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံတွင်းက ဒုက္ခသည်စခန်း(၉)ခုမှာ နှစ်ပေါင်း(၂၀)လောက် နေထိုင်နေပြီး၊ တရားဝင်စာရင်းအရ လူ တစ်သိန်းနှစ်သောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကပြောပါတယ်။
ဒါပေမဲ့ NGO အဖွဲ့တွေအဆိုအရ ဒုက္ခသည်စခန်းတွေမှာ တရားမ၀င်နေထိုင်သူတွေလည်းရှ
ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သ
Copy from - RFA Burmese
0 comments:
Post a Comment