Thursday, April 18, 2013

အမေရိကန် စစ်ရဟတ်ယာဉ် မြောက်ကိုရီးယားနယ်စပ်တွင် ပျက်ကျ

 
Wednesday, April 17,2013

အမေရိကန်ရေကြောင်း သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် တစ်စီးသည် မြောက်ကိုရီးယားနယ်စပ်နားတွင် ဧပြီ(၁၆) ရက်တွင်ပျက်ကျခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနမှ ထုတ်ပြန် ကြေညာထားသည်။

ရဟတ်ယာဉ်ပေါ်တွင်လူ(၂၁)ဦးလိုက်ပါလာခဲ့ပြီး တောင်ကိုရီးယား တပ်ဖွဲ့များနှင့် လေ့ကျင့်နေစဉ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယွန်ဟပ် သတင်းဌာနမှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် မီးသတ်သမားများမှ ရဟတ်ယာဉ်အား မီးငြိမ်းသတ်နေသည့် ပုံများအား ပြသထားသည်။

ရဟတ်ယာဉ်ပေါ်တွင် လူများ အပြင်ရောက်ပြီးမှ မီးလောင်ကျွမ်း ခဲ့သည်ဟု တောင်ကိုရီးယား မီဒီယာမှ သုံးသပ်ထားပြီး ရဟတ်ယာဉ် ပျက်ကျသည့် အကြောင်းအား စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု အမေရိကန်စစ်ဘက်မှ ဆိုသည်။ ထို့အပြင်တောင်ကိုရီးယားတွင် အမေရိကန်စစ်သား(၂)သောင်း(၈)ထောင် ရှိသည်ဟု ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။

Copy from - Myawady News

0 comments: