Sunday, April 7, 2013

တိုကျိုမြို့  မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ။


၂၀၁၃ ခုနှစ် ဧပြီလ(၇)ရက်။

(၂၂)ကြိမ်မြောက် မြန်မာရိုးရာ တိုကျို အတာသင်္ကြန်ပွဲတော်ကို ဧပြီလ(၇)ရက်နေ့ တိုကျိုမြို့ HIBIYA ပန်းခြံမှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူ ဦးစီး၍ စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှိုင်အေးမှ နံနက် ၁၀း၃၀ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

တိုကျိုအတာသင်္ကြန်ပွဲတော်မှာ ရေက်ပက် ကစားခြင်းမျိုး မရှိသော်လည်း မြန်မာလူမျိုးများအတွက် သင်္ကြန်ယိမ်း အကအလှများ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များ အထူးအငြိမ့်အက နှင့်အတူ သင်္ကြန်သံချပ်အစီအစဉ်မှာ မင်္ဂလာဒိုး၏ ၂၀၁၃ ခုနှစ် သံချပ်များကို တင်ဆက်ရာမှာ မြန်မာပြည်၏ အခြေအနေ ပြည်သူပြည်သားတွေရဲ့ ဘ၀သရုပ်ဖေါ်တွေကို ထိထိမိမိ တင်ဆက် ဖျော်ဖြေသွားခဲ့ရာ ဂျပန်ရောက်ပရိတ်သတ်များ အထူးနှစ်ချိက်အားပေးမူကို ရရှိခဲ့ပါသည်။ တိုကျိုသင်္ကြန်ရဲ ထူးခြားချက် ကတော့ မြန်မာပြည် အလွမ်းပြေသင်္ကြန်မုန့်လုံးရေပေါ် တိုင်းရင်းသား ရိုးရာအစားအစာများ မြန်မာ့ရိုးရာ အစားအသောက် မျိုးစုံစုံလင်စွာနဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ခန်းများတို့ပါ တည်ခင်း ရောင်းချထားသည်ကို ထူးခြားစွာတွေ့ရပါသည်။

ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးများ ဦးစီးကျင်းပပြုလုပ်သည့် ပွဲတော်များအနက် အစည်းကားဆုံး ဖြစ်သည့်အပြင် တိုကျိုသင်္ကြန်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာ တိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများ အပါအ၀င် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲတာကိုတွေ့ ရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Lian Khan Sum/ That Htat

0 comments: