
၂၀၁၃ခုနှစ် မဟာသင်္ကြန် ကာလအတွင်းမှာ လူသတ်မှု၊ခိုက်ရန် ဖြစ်ပွားမှုစတဲ့ ပြစ်မှုတွေ ဖြစ်ပွားနှုန်းဟာ အရင်နှစ်တွေ ကထက် ပိုတိုးလာတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနက တာဝန်ကျ ရဲအရာရှိတစ်ဦးက RFAကို ပြောပါတယ်။
ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မဟာ သင်္ကြန် ကာလအတွင်း မြန်မာ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေ ကြောင့်စုစုပေါင်း၂၆ဦး သေဆုံးပြီး ၁၈၅ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ဒီကနေ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ယာဉ်တိုက်မှုကြောင့် ၁၁ ဦး၊ လူသတ်မှုကြောင့် ၃ ဦးနဲ့ သေမှုသေခင်းကြောင့် ၁၂ ဦး သေဆုံး ခဲ့တဲ့သူတွေထဲမှာ စစ်တောင်းမြစ်ထဲမှာ သင်္ကြန်ရေ ကစားရင်း လေးဦးသေဆုံးတဲ့ အမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။
သင်္ကြန်အတက်နေ့ တစ်ရက်တည်းမှာ ၁၆ ဦးသေဆုံးခဲ့ပြီး ၁၀၇ ဦးဒဏ်ရာ ရရှိခဲ့တဲ့အပြင် လူသတ်မှု၊ ယာဉ်တိုက်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ မူးယစ်ရမ်းကားမှု စတဲ့ အမှုပေါင်း ၂၇၇ မှု ဖြစ်ပွားခဲ့ပါတယ်။
ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မဟာ သင်္ကြန် ကာလအတွင်း မြန်မာ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေ ကြောင့်စုစုပေါင်း၂၆ဦး သေဆံ
ယာဉ်တိုက်မှုကြောင့် ၁၁ ဦး၊ လူသတ်မှုကြောင့် ၃ ဦးနဲ့ သေမှုသေခင်းကြောင့် ၁၂ ဦး သေဆုံး ခဲ့တဲ့သူတွေထဲမှာ စစ်တောင်းမြစ်ထဲမှာ သင်္ကြန်ရေ ကစားရင်း လေးဦးသေဆုံးတဲ့ အမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။
သင်္ကြန်အတက်နေ့ တစ်ရက်တည်းမှာ ၁၆ ဦးသေဆုံးခဲ့ပြီး ၁၀၇ ဦးဒဏ်ရာ ရရှိခဲ့တဲ့အပြင် လူသတ်မှု၊ ယာဉ်တိုက်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ မူးယစ်ရမ်းကားမှု စတဲ့ အမှုပေါင်း ၂၇၇ မှု ဖြစ်ပွားခဲ့ပါတယ်။
Copy from - RFA Burmese
0 comments:
Post a Comment