
ဧပြီ ၁၅၊ ၂ဝ၁၃
ယနေ့ ဧပြီလ ၁၅ ရက် နံက်(၁၀)နာရီတွင် အစိုးရတပ်မှ ခလရ ၁၂၃၊ ခလရ ၂၉၀ နှင့် ခမရ ၅၀၁ တို့ ပူးပေါင်း တပ်ရင်းသည် ကွတ်ခိုင်မြို့နယ် နမ့်ဖကာကျေးရွာအုပ်စု လွယ်စရမ်းရွာတွင် ၀င်ရောက် လာပြီး TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မ တော်နှင့်ဆပ်စပ်သည်ဟု ယူဆသည့် အိမ်များကို ၀င်ရောက် စစ်ဆေးကာ အိမ်ရှင်များနှင့် ရွာသူကြီးကိုလည်း ဖမ်းဆီးထားပါသည်။
'' အခုဒီည ၁၀ နာရီလောက်အထိ အဲဒီ (၅)ဦးကို ကြိုးတုတ် ဖမ်းဆီးထားပြီး မေးမြန်းနေဆဲပဲ ၊ တနေ့ကုန်လုံးကို သူတို့ တွေကို ရိုက်နှက် ထုထောင်းထားပြီးပြီဗျာ၊ ခုထိလည်း မလွတ်သေးဖူး''ဟု လွယ်စရမ်း ရွာသားတစ်ဦးမှ ပြောဆိုသည်။
အစိုးရ တပ်ရင်းများသည် ၂၀၁၂ ခု အောက်တိုဘာ ၁၉ ရက် ၀န်းကျင်တွင်လည်း နမ့်ဆန်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးရိုက်နှက် အချုပ်ချထားဖူးသည်။ TNLA နှင့် ဆက်စပ်သည်ဟု သံသယ ရှိသည့် ရွာသားများကို ယခုကဲမကြာခဏ ရိုက်နှက်ဖမ်းဆီး အရေး ယူလေ့ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး-PSLF
ယနေ့ ဧပြီလ ၁၅ ရက် နံက်(၁၀)နာရီတွင် အစိုးရတပ်မှ ခလရ ၁၂၃၊ ခလရ ၂၉၀ နှင့် ခမရ ၅၀၁ တို့ ပူးပေါင်း တပ်ရင်းသည် ကွတ်ခိုင်မြို့နယ် နမ့်ဖကာကျေးရွာအုပ်စု လွယ်စရမ်းရွာတွင် ၀င်ရောက် လာပြီး TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မ
'' အခုဒီည ၁၀ နာရီလောက်အထိ အဲဒီ (၅)ဦးကို ကြိုးတုတ် ဖမ်းဆီးထားပြီး မေးမြန်းနေဆဲပဲ ၊ တနေ့ကုန်လုံးကို သူတို့ တွေကို ရိုက်နှက် ထုထောင်းထားပြီးပြ
အစိုးရ တပ်ရင်းများသည် ၂၀၁၂ ခု အောက်တိုဘာ ၁၉ ရက် ၀န်းကျင်တွင်လည်း နမ့်ဆန်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးမျာ
သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေး
0 comments:
Post a Comment