အများနဲ့မတူ ထူးတဲ့ဂျပန်

Photo by - Ko Thar Htet
ယနေ့မနက် လူထုခေါင်းဆောင် ရောက်ရှိလာမည့် နာရီတာလေဆိပ်၌ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ဂျပန်ရောက် မြန်မာတွေ သွားရောက်ကြိုဆိုကြသည်။ မနက်၇နာရီခွဲ ဆိုက်ရောက်မည့် လေယာဉ်အတွက် မနက်၅နာရီခွဲကပင် စုရပ်မှာစုပြီး သွားရောက်ကြိုဆိုကြသည်။
သို့ပေတည့်၈ နာရီကျော်သည့်အထိ ဒေါ်အောင်ဆန်းစုကြည်အားတွေ့မြင်ခွင့် မရတော့သည့် အခါမှာတော့ အခြေအနေကိုသိလိုက်ကြရသည်။
ထုံးစံအတိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တခြားVIP ထွက်ပေါက်မှ ခေါ်ထုတ်သွားခဲ့သည်တဲ့။ အင်မတန် ခံရခက်လိုက်လေခြင်း။ ခဲလေသမျှ သဲရေကျရသည်။ ဒီဂျပန်နိုင်ငံမှ ဒီလိုအဖြစ်မျိုး ကြုံသည်။ ကိုယ့်ခေါင်းဆောင်အား လွတ်လွပ်လပ်လပ် ကြိုဆိုခွင့် မရသည့် အပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနအား ကန့်ကွက်သွားမည်ဟု ကြားသိခဲ့ရသည်။
နောက်သတင်း တခုကတော့ အမေစုအား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ကိုယ်တိုင် လာကြိုသည်တဲ့။
ဒါပါပဲ။
အမေစုလည်း ပြည်သူတွေ ကြိုဆိုတာ မြင်ချင်တွေ့ချင်မှာပါ။ အဖြေတခုတော့ မကြာမှီ သိရှိခွင့်ရမည်ဟု ထင်မြင်မိသည်။
ဆက်လက်ဖော်ပြပေးပါမည်
ဒီမိုဝေယံ

0 comments:
Post a Comment