Thursday, April 11, 2013

မန်တုံမြို့ ခိုမုန်းရွာ တိုက်ပွဲတွင် အစိုးရတပ်မှ ၁၀ ဦးထက်မနည်း ဒဏ်ရာ ပြင်းထန်ရရှိ


၉ ရက် ဧပြီလ-၂၀၁၃

ယနေ့ နံက် ၇ နာရီခွဲတွင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLAနှင့် ကျောက်မဲ အခြေစိုက် ခလရ (၅၀၂)တပ်ရင်းတို့ မိနစ် ၃၀ ခန့် အပြန်အလှန် ပတ်ခတ် တိုက်ခိုက်မှုဖြစ်ခဲ့သည်။

ခိုမုန်းရွာမှ ကျယ်ကောဝ်ရွာသို့ ချှီတတ်လာသော ၅၀၂-တပ်ရင်းနှင့် TNLA ၄၇၈ တပ်ရင်းတို့ လမ်းတွင် ထိပ်တိုက်ဆုံကာ စတင် ပစ်ခတ်မှု ဖြစ်သွားသည်။

အစိုးရ တပ်ရင်းသည် လွန်ခဲ့သည့် ရက်သတ္တပါတ်ကတည်းက ခိုးမုန်းရွာ စခန်းချကာ တအာင်း တပ်မတော်တို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားပါသည်။ သို့ကြောင့် လမ်းကြောင်းရှင်းသည့်အနေဖြင့် အစိုးရတပ်မှ ကျယ်ကောဝ် ရွာသို့ ထွတ်ခွာလာစဉ်တွင် တအာင်းတပ်မတော်မှ စတင်ကာ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲအပြီးတွင် အစိုးရတပ်မှ ဒဏ်ရာရသူ ၁၀ ဦးကျော်ကို ထမ်းခေါ်ပြန်သွားကြသည်ဟု မြင်တွေ့ရသူ ရွာသားများကဆိုပါသည်။

'' ဟိုးအရင် PSLA လက်ထက် ကတည်းက ကျတော်တို့ ပလောင်တွေရဲ့အရေးကြီး လက်ဖက်ရာသီ ဧပြီလ ရောက်ပြီဆိုရင် အစိုးရတပ်က အမြဲတမ်းလိုလို စစ်ရေး ဖိအားပေးနေခဲ့တယ် အခုလည်း ဒီအတိုင်းပဲ ကျတော် တို့ပြည်သူတွေ လက်ဖက် ကောင်းကောင်းမခူးနိုင်မှာစိုးလို့ ကျတော်တို့ဘက်က တတ်နိုင်သမျှ ရှောင်ေ​နလာခဲ့တာ သူတို့က အတင်းကို လိုက်ပြီးတော့ တိုက်ခိုက်နေတယ် ကျတော်တို့ရဲ့လမ်းကြောင်းတွေကို လိုက်ပိတ်နေတယ်'' မတ်လကတည်းက TNLA ဗဟိုမှ အောက်ခြေတပ်ရင်းတပ်ဖွဲ့များအား လက်ဖက်ရာသီအတွင်းတိုက်ပွဲများ ထိန်းသိမ်းပေးရန် ညွန်ကြားထားပြီးဖြစ်သည်။

'' တော်တော်ကို နားလည်ရခတ်ပါတယ် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တဖက်မှာ ညှိနှိုင်းနေတဲ့အချိန်မှာ အခုလို နေရာအနှံ့ ကျတော်တို့တပ်ကို စစ်ရေးအရ အပေါ်စီးကနေပြီးတော့ ဖိအားနေတာ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးမူဝါဒက ရေစတဖက် မီးမှုတ်တဖက်ဖြစ်နေသလိုပဲ''ဟု PSLF/TNLA မှ ဗဟိုကော်မတီဝင်တစ်ဦးက ဆိုပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တံပ်အွရ်ပ်ုန်လောတ်ကပီုန်တအာင်း-PSLF

0 comments: