ရန်ကုန်၊ မတ် ၅
၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ် ရခြင်းကို ဧပြီလတွင် ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။ အစိုးရစရိတ်ဖြင့် ပြည်ပထွက်ခွာသူ
အင်တာနက်ကလည်း ဖောင်ဖြည့်ရသေးတယ်။ တစ်ခါတလေ ကော်နက်ရှင် မကောင်းရင် တော်တော် ဒုက္ခရောက်တာ။ ခုလို ဖြေလျှော့ ပေးလိုက်တော့ အရမ်း ကောင်းသွားပြီပေါ့''ဟုပြည်
ပြည်ပ ထွက်ခွာကြမည့်သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှု တစ်ခုဖြစ် သည်ဟု ဝန်ကြီးက ဆိုသည် ။
''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ် သက်သာသွား တာပေါ့ဗျာ။ မဟုတ်ရင် ပြည်ပ သွားတိုင်း (D-Form) ကို လုပ်နေရ တယ်။ အခုတော့ ဒါတွေလုပ်စရာ မလိုတော့ဘူး။အစိုးရသစ်ရဲ့ မူဝါဒ ဖြစ်တဲ့People Centre ကို ဝိုင်း အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူက လည်း ပြောသည်။
ဧပြီလတွင် (D-Form) စနစ် ပယ်ဖျက်ရာတွင် မြန်မာပြည်ရောက် နိုင်ငံခြားသားများပါ ပြည်ပသို့ ပြန်လည် ထွက်ခွာပါက (D-Form) ရယူစရာ လိုတော့မည် မဟုတ်ဟု သိရသည်။ ယခင်က ရောက်ရှိသည့် ကာလ တစ်လအတွင်းမှ လွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှသာ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့ သည်။
ပုံစံ(က) (D-Form) ပြုလုပ်ရာတွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ သာ ထွက်ခွာသူက ပေးသွင်း ရသော်လည်း ပြင်ပတွင် အွန်လိုင်း ဝန်ဆောင်မှုကြောင့် ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပ ထွက်ခွာမည့်သူက ပေးဆောင် ခဲ့ရသည်။ နိုင်ငံခြားသား
Copy from - Popular Myanmar News Journal
0 comments:
Post a Comment