Sunday, March 31, 2013

ကျိုင်းတုံမြို့၊ ကျိုင်းတုံဘူတာရှိ ရထားတွဲ ၃ တွဲကို အကျိုးရှိရှိ အသုံးချပေးစေလို

 
March 30, 2013

 ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နှင့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ကို ဆက်သွယ် မည့်မိုးနဲ၊ ကျိုင်းတုံ ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၏ ကျိုင်းတုံ လမ်းပိုင်းမှ ရထားလမ်းအရှည် အနေဖြင့် ခရီးမိုင် ၅.၆ မိုင်၊ သံလမ်းမိုင် ၆.၆ မိုင်ရှိ ကျိုင်းတုံ ၀မ်ကောင်း လမ်းပိုင်းကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ကာ ရထားတွဲ၏ ရှေ့ပိုင်းနှင့် နောက်ပိုင်းများတွင် စက်မောင်ခန်း ၂ ခန်းမှ ရထားတွဲ ၃ တွဲ (RBE 25.62၊RBE 25.63၊ RBE 25.48)ဖြင့် ကျိုင်းတုံ ဘူတာမှ ၀မ်ကောင်းဘူတာသို့ရက် အနည်းငယ်ကြာသာ ခုတ်မောင်း ပြေးဆွဲခဲ့ကြောင်း ယခုအခါရထား ပြေးဆွဲမှု မပြုနိုင်ခဲ့သည်မှာ ၂ နှစ် ကျော် ကြာမြင်ခဲ့ပြီဖြစ်ပြီး၊ ရထား တွဲ ၃ တွဲမှာလည်း ကျိုင်းတုံဘူတာ နှင့် မနီးမဝေးတွင် အမိုးအကာမဲ့ တည်ရှိနေရကာ ရထားလမ်းပိုင်း တစ်လျှောက်တွင်လည်း ခြုံနွယ် ပိတ်ပေါင်းများစွာ ဖုံးလွှမ်းနေခြင်း တောင်ကမ်းပါးရံများမှ မြေကြီးများ ရထားလမ်းပေါ် ပုံကျပိတ်ဆို့ နေခြင်းနှင့် ရထားသံလမ်းများ ပျက်စီးနေခြင်းများ ဖြစ်ပေါ်လျှက် ရှိနေကြောင်း သိရသည်။

“မိုးနဲ-ကျိုင်းတုံ ရထားလမ်း ဖောက်လုပ်ရေး စီးမံကိန်းလုပ်ငန်း ကို ပြန်လည် လုပ်ကိုင်ဆောင်ရွက် ဖို့အစီအစဉ် မရှိတော့ဘူးဆိုရင် ဒါမှ မဟုတ်လည်း ပြန်လည်လုပ်ကိုင် ဆောင်ရွက်ဖို့ လုပ်ငန်းအစီအစဉ် တွေက အချိန်ကာလ အနေနဲ့များ စွာကြာမြင့်နေအုံးမယ်ဆိုရင် ကျိုင်းတုံဘူတာအနီးမှာ ရှိနေတဲ့ ရထားတွဲ ၃ တွဲစလုံးကို ရထားလမ်း ပိုင်းများကိုသာ မီခိုအားထားနေ ကြရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုခုရဲ့ မြို့ရွာဒေသ တစ်ခုခုဆီကို ပြန်လည်သယ်ဆောင် ခုတ်မောင်း ပြေးဆွဲပေးမယ်ဆိုရင် သက်ဆိုင်ရာမြို့ရွာဒေသတစ်ခုခု မှ ဒေသခံပြည်သူများအနေနဲ့ လမ်းပန်းဆက်သွယ်မှု ပိုမိုမြန်ဆန် ချောမွေ့စေခြင်း အကျိုးကျေးဇူး ကို ရရှိခံစားကြရမှာ ဖြစ်သလိုသိန
်း ပေါင်းများစွာ တန်ဖိုးရှိတဲ့ ရထား တွဲ ၃ တွဲမှာလည်း အလဟသပျက် စီးဆုံးရှုံးစေခဲ့ေ ဘးအန္တရာယ်မှ လည်းကင်းဝေး စေမှာဖြစ်ပါတယ်” ဟု ကျိုင်းတုံမြို့နေဒေသခံပြည်သူ တစ်ဦးကပြောပြသည်။

 ကျိုင်းတုံမြို့၊ ကျိုင်းတုံဘူတာ အနီးမှာရှိနေတဲ့ ရထားတွဲ ၃တွဲ ကို ယခုလက်ရှိအတိုင်းဘဲ ဆက်လက် ထားရှိသွားမယ်ဆိုရင် တော့ ပျက်စီးဆုံးရှုံး သထက်ပျက်စီး ဆုံးရှုံးမှုများသာ ဖြစ်ပေါ်စေမှာဖြစ် ပါတယ်။ ရေရှည်အဖို့မှာ ကျိုင်းတုံမြို့နေ လုပ်သားပြည်သူများကို “ရထား ဆိုတာဒါပါပဲ ဗျာ/ ရှင်” လို့ လက်ညှိး ညွှန်ပြသစရာပစ်္စည်း တစ်ခုအဖြစ်သော ဖြစ်သွားနိုင်တာ မို့သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်း များက လိုအပ်သလို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရင် သိပ်ကောင်းမှာ ဖြစ်ပါတယ်”ဟု အဆိုပါ ပုဂ်္ဂိုလ်က ထပ်မံပြောကြား သည်။
နိုင်နိုင်အောင်ဝေ

Copy from - The Hot News

0 comments: