ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက် ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည (မတ်လ ၂၃ ရက်) ၈ နာရီ ကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်းမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
ဒီမီးလောင်ကျွမ်းမှုကြောင့် ရွာတန်း ကျေးရွာမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြု ကျောင်းဆောင်တစ်လုံး အပါအဝင် ဒေသခံပြည်သူတွေရဲ့ အိမ်ခြေ ၃၀ ခန့် မီးလောင် ပျက်ဆီးခဲ့ပါတယ်။
ဒီကနေ့ည ၁၂ နာရီက ရမည်းသင်းမြို့ မီးသတ်တပ်ဖွဲ့ရုံ
မိတ္ထီလာမြို့ လုံခြုံရေးအ တွက် ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့ကနေ သွားရောက် ကူညီနေရတဲ့ ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့က ဒုရဲမှုးသောင်းကြည် ခေါင်းဆောင်တဲ့ တပ်ဖွဲ့ဟာလည်း ရမည်းသင်းမြို့ကို ညတွင်းချင်း အမြန်ပြန်လာနေရတယ်လို့ သိရပါတယ်။
ယမန်နေ့ညက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့
"ရမည်းသင်းမီးလောင်မှု နောက်ဆက်တွဲ"
ယမန်နေ့ည (မတ်လ ၂၃ရက်နေ့)ည ၈ နာရီခန့်က ရမည်းသင်းမြို့နဲ့ ၈ မိုင်အကွာက ရွာတန်းရွာမှာ မီးလောင်ကျွမ်းမှုဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီးခဲ့တယ်လို့ RFA ကစုံစမ်းသိရပါတယ်။
ဒီမီးလောင်မှုဟာ အယောက်တစ်ရာခန့်ရှိတဲ့ အမည်မသိလူအုပ်စုတစ်စုရဲ့ လက်ချက်ဖြစ်ပြီး ဒီပြဿနာဟာ မိတ္ထီလာမြို့မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်မှုရှိတယ်လို့ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

Copy from - Rfa Burmese
0 comments:
Post a Comment