Monday, March 25, 2013

မိတ္ထီလာပဋိပက္ခ ဖြစ်စဉ် နဲ့ပတ်သက်ပြီး ... ????



၁။ မိတ္ထိလာမြို့မှာ မူစလင် မုန်းတီး ဆန့်ကျင်ရေး စာတွေ အင်တာနက်နဲ့ မိတ္ထိလာ မြို့ထဲမှာ ထွက်လာတယ်။ (အင်တာနက်မှာ တွေ့ရတဲ့ ဝါဒဖြန့်စာနဲ့ ဓါတ်ပုံနဲ့က ဘာမှ အထောက်အထား ခိုင်လိုင်တာ မရှိဘဲ မုန်းတီးရေးစာသက်သက် ဖြန့်ထားတာကို တွေ့ရတယ်။)

၂။ တီဗွီမှာ စစ်တပ်က အာဏာသိမ်းတာဟာ မှန်တယ်ဆိုတဲ့ ဝါဒဖြန့် ဇာတ်လမ်း "အဖေနဲ့ သားများ"ကို ပြတယ်

၃။ မူစလင် မုန်းတီးရေး စာထွက်ပြီး ၂ ရက်လောက် အတွင်းမှာတင် ... မိတ္ထိလာမြို့က ရွေဆိုင်မှာ ဘယ်က လာမှန်း မသိတဲ့ လူနှစ်ယောက်က ရွှေလာရောင်းတာကို ... ရွှေဆိုင်က လူက ရွှေဆိုင်မှာ မှတ်ကျောက် မတင်ဘဲ .. ရွှေကို ဈေးထဲ ယူသွားပြီး မှတ်ကျောက်တင်ရာကနေ .. ရွှေထည် ပစ္စည်းထည် ပျက်လို့ ပြဿနာ ဖြစ်တာကို ဆိုင်ရှင် မူစလင်တွေက ချုပ်ပြီး ဝိုင်းရိုက်လိုက်ကြတယ် ... ဆိုတာ ... စဉ်းစားစရာ ...
...
၎။ ဒီအဖြစ်တွေ ဖြစ်နေစဉ်မှာဘဲ ဘုန်းကြီးတစ်ပါး အလောင်း ဗလီထဲမှာ တွေ့တယ်လို့ ဖြစ် လာတယ်။ (ဘုန်းကြီးအလောင်း ထွက်လာပြီးပြီးချင်းလောက်မှာ မန္တလေးက ဆရာတော်က ... ဘုန်းကြီးရဲ့ ဘွဲ့၊ သီတင်းသုံးတဲ့ ကျောင်း၊ မိတ္ထိလာကို တက်လာရတဲ့ အကြောင်းအရင်း အတိ အကျကို ချက်ခြင်းပြောနိုင်တာကလည်း အံ့သြစရာ။) .. အသတ်ခံရတဲ့ ဘုန်းကြီးရဲ့ အချက် အလက် ဒီလောက် တိတိကျကျကို မြန်မြန်ဆန်ဆန်ထွက်လာတာ အင်မတန် ထူးဆန်းတယ်။ လက်ပံတောင်းမှာ မီးလောင်တဲ့ သံဃာတွေ အရေးပေါ် ဆေးရုံရောက်လာတာတောင် ..... သံဃာတွေရဲ့ ဘွဲ့နဲ့ သီတင်းသုံးတဲ့ ကျောင်း စတဲ့ အချက်အလက် တိတိကျကျကို ဘယ်သူမှ မပြောနိုင်ဘူး။ နောက် ၂ ရက်လောက်နေတာတောင် ဒဏ်ရာရ သံဃာစာရင်း အတိအကျကို ဘယ်သူမှ မပြောနိုင်ဘူး။ အခုက ချက်ခြင်းကို အတိအကျ ပြောနိုင်တယ်။

၅။ အကြမ်းဖက်ဖို့ တုတ်ဓါး ကိုင်ဆွဲသူတွေ ရဲတွေကြားကနေ ထွက်လာတာကို ရဲတွေက မတားဘူး (ကိုမင်းကိုနိုင် မျက်မြင် သက်သေ)

၆။ တစ်ရက်လောက်အတွင်းမှာတင် မြို့ဟာ မြို့ပျက်ကြီးလို ... နေရာအနှံ့ မီးလောင်တာတွေ ပြည့်သွားတယ်။

သေချာကြည့်ရင် ... ခပ်ညံ့ညံ့ ရုပ်ရှင်ကားလို ယုတ္တိ မရှိတာတွေကို ဇာတ်ကွက် ဆင်ထားတာ တွေ့ ရပေမယ့် .... ပေးလိုက်ရတဲ့ ပြည်သူတွေရဲ့ အသက်တွေနဲ့ ဘဝတွေက များလွန်းလှတယ်။

ဒါ့ကြောင့် ကိုယ့်ရပ်ကွက် မြို့ရွာထဲမှာ တသက်လုံး ပြဿနာ မဖြစ်ဘဲ အတူတူ နေထိုင်ကြတဲ့ ဘာသာမတူသူတွေ ... အချင်းချင်း စည်းရုံးကြပြီး .... ဘေးက အခုလို နှောက်ယှက် တာတွေကြောင့် ... သတ်ဖြတ် ဒုက္ခရောက်ကြရတာ မဖြစ်ရအောင် .... ပြင်ပလှုံ့ဆော်သူတွေကို ... သတိကြီးကြီးနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် တုန့်ပြန်ကြဖို့ ... နှိုးဆော်ပါရစေ။

(ကိုထိုက်)

( မကျေနပ်ရင် www.facebook.com/ko.htike.31 ကိုပဲ သွားပြောပါ ....)

အင်တာနက်စာမျက်နှာမှ ကူးယူခဲ့ပါသည်။

0 comments: