Saturday, March 2, 2013

နောက်ကျော ဒါးနဲ. ထိုးတာလား

 
သမ္မတ သိန်းစိန် ဥရောပ ခရီးထွက်စဉ် တစုံတခု ဖြစ်ခဲ.ပါတယ်။ ဒါ သန်းရွှေကြီး တခြား အဖွဲ.က နောက်ကျော ဒါးနဲ. ထိုးတာလား၊ ဒါမှမဟုတ် မြန်မာပြည်မှာ ဖြစ်နေကြ သွေးရိုးသားရိုး ထုံးစံ ဖိနှိပ် ကြမ်းကြုပ်မှု ပဲလား။ မမြင်ရတဲ. ကွင်းဆက်တွေတော. ရှိနေပါတယ်။

၂၀၁၃ ခုနှစ်ဟာ မြန်မာပြည်က စစ်ဗိုလ်ဆိုးကြီးများ နဲ. စစ်ဝတ်စုံချွတ် အရပ်ဝတ် အုပ်ချုပ်ရေးမှုးများကို နိုင်ငံ သန်.စင်ရေးအတွက် ဘီးစိတ် ကောင်းကောင်းနဲ. သန်းတိုက်ချသလို မဖြစ်မနေ လုပ်ကို လုပ်ရမဲ.နှစ်ဖြစ်ပါတယ်။

ဒါပေမဲ. သမ္မတ ဆိုသူက ငါတို.က ငါတို.လူတွေ အကုန်ကျန်စေချင်တယ်။ ဥိးသန်းရွှေကြီး အိမ်မှာ ထိုင်စ နားကတည်းက စီးပွားရေးနဲ. အုပ်ချုပ်ရေးပိုင်း နဲ.စစ်တပ် ပါဝါ တည်မြဲရေးပိုင်း ၃နေရာ အတွက် ဆရာကြီး ၃မျိုးခွဲခိုင်း ထားခံရတဲ. အုပ်စုတိုင်းအတွက် ဒီအုပ်စုရော ဟိုအုပ်စုရော ကျန်ရမယ် ဆိုတဲ. ဆင်ခြေနဲ.

ဆက်သွားလို. မရတော.ပါ။

နေရာတိုင်းမှာ ကိုယ်.အတွက်ချည်း ကျန်ဖို. စုစုဆောင်းဆောင်း လုပ်တာ၊ ရေရှည်မှာ ဘယ်သူ.မှာမှ သပိတ်ဝင် အိတ်ဝင်မကျန်နိုင်ပါ။ ခု အချိန်မှာမှ ပြတ်ပြတ်သားသား သန်း ရှင်းရေး အလုပ် မလုပ်နိုင်ရင် သမ္မတ နဲ. ကာလုံ ဘယ်တော.မှ သမိုင်းကောင်းမှာ မဟုတ် ဆိုသည်. အချက်သာ ပို၍ပို၍ ခိုင်မာလာမှာပဲဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အများပြည်သူတွေ၏ နိုင်ငံရေး မျှော်မှန်းချက်များးဟာ ဖိနှိပ်မှု နဲ. ဒုက္ခ သုက္ခ တွေကြားကပဲ တနေ.ထက်တနေ. ပို၍ပို၍ ရေချိန်မြင်.မားလာနေတာကို တွေ.နေရပါတယ်။ လူထု၏ ဒေါသနဲ.ပေါက်ကွဲမှုတွေကို ဦးသိန်းစိန် အစိုးရ အဖွဲ.က ဘယ်လိုနည်းတွေ သုံးပြီး လမ်းလွှဲ ခဲ.သည်ဖြစ်စေ၊ အရာအားလုံးမှာ စောင်.ရက် အကန်.အသတ် ရှိနေတာ သူတို. ကိုယ်တိုင်လည်း သိနေရပါမယ်။

၂၀၁၀ ကစလို. သမ္မတဖြစ်နေတဲ. ဦးသိန်းစိန်ဟာ လူသန်.ပွဲ လူရှင်းပွဲကို ပြောင်မြောက်အောင် မလုပ်ဆောင် နိုင်သေးပါ။ သူ.ကတိတွေနဲ. ဘာလုပ်ငန်းစဉ် ကိုမှ အကောင်အထည် မဖေါ်နိုင်သေးပါ။ သမ္မတ ဖေးဘရိတ် ယခု ပီအာ စာရေးကြီး ၊ယခင် ထောက်လှန်းရေးဟောင်း အောင်မင်း အမှုးပြုတဲ. ငြိမ်းချမ်းရေး အဖွဲ.ဟာလည်း အချို. စစ်ဗိုချုပ်ကြီးတွေ၏ အောကျောလန် မျက်စေ.စပါးမွှေး စူးစရာ ဖြစ်ခဲ. ရသလို၊ လက်တွေ.ပိုင်းမှာလဲ ဒိမိုကရေစီ အင်အားစုတွေကို မနှဲလေး တီးလုံးနဲ. ၀င်ပူး သင်းသတ်သလို ဖြစ်နေတာကြောင်. သူတို. အဖွဲ.ဟာ ပြည်တွင်းပြည်ပမှာ လူများစွာ၏ ယုံကြည်လက်ခံမှုကို မရပဲ၊ ရန်သူတွေ ထပ်မွေးနေသလို ဖြစ်ပါတယ်။

တချက် ကြည်.ရမှာက- သန်.ရွှေ မိသားစု ၏ စီးပွားရေး အ၀၀ကို သူ.သမီးသူ.သားတွေနဲ. မိသားစုရှယ် ယာ အပါအ၀င် တာဝန်ယူ ဆက်ဒါးပြတိုက် ပွားများအောင် လုပ်ပေးနေရတဲ.ေ၇ွှမန်းမိသားစုလို၊တေဇမိသားစ၊ု ပြီးတော. လွှတ်တော်မှာ လူမုန်းအများဆုံး၊ အကျင်.အရ တို.မိးရှို.မီး လုပ်တတ်၊ အလွန် စိတ်များ ဂဏှာ မငြိမ်တဲ. အောင်သောင်းမိသားစု - ဒီစီးပွားရေး အုပ်စုတွေကို သန်းရွှေဘက်က အာမခံပေးထားတဲ. အချက်ပါပဲ။

အောင်မင်း ကို သန်းရွှေကြီးက အောင်သောင်းလောက် မကြိုက်သည်.တိုင် သန်းရွှေမိသားစု နဲ. အုပ်ချုပ်ရေး အလုပ်ပိုင်းမှာ ပိုနီးတဲ. သမ္မတ၏ လူထုဆက်ဆံရေးမှုးချုပ် အောင်မင်း ဆိုတာကို မဖြုတ် နိုင်သေးပါ။ ငြိမ်းချမ်းရေး ခေါင်းစဉ်နဲ. သူဟာ (သိပ်အသုံးမ၀င်သော်လည်း) လက်ရှိ အုပ်ချုပ်ရေး အဖွဲ.၏ political tool တူးဘ် ဖြစ်နေတဲ.အခါ သူတို.အချင်းချင်း ကြား ဘဲလင်.စ် လုပ်နေရတာတွေက တလတမျိုး မရိုးနိုင်အောင် ဖြစ်နေပါတယ်။။

အောင်သောင်း၏ ဆိုင်ဘာအဖွဲ.က တရုပ်နဲ.ပြ အဆက်မပြတ် ခြောက်နေတာတွေ။ အောင်မင်း ကိုယ်တိုင်က သူတို. အာဂျန်ဒါကို လျှောက်ပြန်သံပေး ကြေငြာပေး နေ၇တာတွေ၊မသိရင်တော. သူတို. ဟာတော်တော် ညီညွတ် နေကြသလိုပါပဲ။

လူမြင်ကွင်းမှာ အောင်မင်း၏ ငြိမ်းချမ်းရေး အမည်ခံ ဒေါက်ခြာအဖွဲ.တို.လျှောက်ပြန်ံ သံပေးနေသလို၊ လူ မမြင်ကွယ်ရာမှာ အောင်သောင်း၊ သူ.အဖွဲ.၊ သန်းရွှေသားတွေနဲ. ကူမင်မှာ စည်းဝါး ရိုက်ထားတာတွေ၊ မက်ကာနဲ. ဟောင်ကောင်မှာ ၂ ဘီလီယံဖိုးရှိတဲ. ရင်းနှီးမြှပ်နှံမှု တခုကို ၂၀၁၂ နွေကမှ သန်းရွှေသား၊ အောင်သောင်းနဲ. သူတို. တပည်.၀ မင်းသား အချို. လက်ဦးမှု ယူခဲ.တာတွေ၊ ကနေဒီယန် ကုမ္ပဏီတခု က အောင်သောင်း နဲ. စစ်ဗိုကြီးတွေ သိမ်းထားတဲ. မြေယာတွေကို ၀ယ်ငှားရောင်း အကျိုးဆောင် လုပ်ပေးနေတာတွေ၊ ဒါတွေက အချို.သော (လူသိပ် မသတ်ခဲ.သော) သူခိုး ဗိုချုပ်ကြီးများ နှင်. လွှတ်တော် က ဟိုလို ဒီလို အမတ်များကို အသည်းယားစေပါတယ်။

အတွင်းစည်းမှာတော.-- အောင်သောင်းနဲ. သန်းရွှေ လက်ထက်ကတည်းက အခိုင်အခံ. လုပ်ထားပြီးသား တရုပ်စီးပွားရေး ကိုယ်စားလှယ်တွေ။ ပါဆင်.တေ.ခ်ျ ထိုင်ကောက်နေတဲ. ယူနန် ရုံ့းထိုင် ခပ်ထူထူ သန်းရွှေသား၊ ဒီလူတွေ ၏ ပစ္စည်းစာရင်း စည်းဝါး ကိုက်ထားမှု ကို ဗိုမင်းအာင်လှိုင်က သန်းရွှေကို ဆန်.ကျင်ပြိးမှ တချက်စီ ထိထိမိမိ စာရင်း ရှင်းနိုင်မှာ ဖြစ်တယ်။

တဖက်မှာ လည်း သမ္မတဟာ အောင်မင်း+ ၂၀၀၁ ကစလို. သန်းရွှေ ၁၁ သန်းပေး မတည် မြှပ်နှံထားတဲ. ၏ အရပ်သားဒေါက်ခြာများ+ ပြည်ပက လောက်စား ဒေါက်ခြာများ ဒီလူတွေနဲ. ပီအာ လုပ်စားနေရတဲ. အခင်း အကျင်း ကို စပ်ကူးမတ်ကူးကာလ ဟန်ပြ ပရိုတာ ကောလ် နိုင်ငံရေး ဖြစ်စဉ်အတွက် လို အပ်ချက် တခု မို.- မဖြစ်မနေ ဆက် ထိန်းထား ရမဲ. သဘော ရှိပါတယ်။ သန်းရွှေ၏ ယုတ်မာ ပက်ဆက်ပုံကတော.- သူ. အုပ်ချုပ်ရေးမှုး ကို သူ. ဘဏ္ဍာတော် တိုက်မှုးနဲ. တိုက်ပေးပြီး၊ သီးခြား ဖြစ်တည်နေတဲ.သူ.စစ်ချုပ်မှုး စစ်ဗို မင်းအောင်လှိုင်ကို ပတ္တမြားနဲ. နဂါး မကွဲစေတဲ. မလဲရဲတဲ. အခြေအနေမျိုးမှာ တစ်နေစေ ဟန်ရှိပါတယ်။

ဘယ်လောက်ပဲ သူတို. အချင်းချင်း ကျောဖက်က ဒါးတို ဒါးရှည်တွေနဲ. သပ်ထိုးဖို. ကြံနေကြသည်ဖြစ်စေ၊ သူတို. ဆက် ထိန်းထားလို. မရတာကတာ. တိုင်းပြည် နဲ. လူထု၏ လိုအပ်ချက်ပဲဖြစ်ပါတယ်။

ခုဆို မြန်မာပြည်ထဲက နောက် ပေါက် အက်စ်ဘီလေးတွေ ၏ ထောက်လှန်းရေးသတင်းပေးတော် တော် များများ က အောင်မင်း လက်အောက်မှာ လှုပ်ရှား အသက်ဝင် နေကြတာပို များပါတယ်။ သန်းေ၇ွှ ၁၁ သန်းနဲ. စပြီး ရင်း နှီး မြှပ်နှ့ပေးခဲ. တဲ. အရပ်သား မီဒီယာ အုပ်စုကတော. ခေတ် ပြောင်း ရာသီမှာ သူတို. အတွက် အင်မေ. ခ်ျ ရော။ ၁၀ နှစ်အတွင်းတိုးလာတဲ. ပိုက်ဆံနဲ. အနာဂတ်စားပေါက်ပါ လွတ်လွတ်ကင်းကင်း ရှိမဲ. လမ်းကြောင်း ကို ရွေးချင်ကြပါတယ်။

သေသွားတဲ. နေ၀င်းမောင်တောင် သူ.ပိုင် assets က ၂၀၁၂ မှာ အမရိကန်ဒေါ်လာ သန်း ၅၅- ၁၁၀ ကြားလို. ပြောကြပါတယ်။ ကျန်တဲ. အီးဂရက်၊ ဗဟုသားတွေ ကတော. ဒီလောက် စားပေါက်ချောင်၊ နံမည်ကောင်း ရနိုင်တဲ. လမ်းကို လွယ်လွယ်နဲ. စွန်.လွှတ်မှာ မဟုတ် ပါဘူး။ ဒီတော.- သူ.တို.ကို ခု အမုန်းဆုံး၊ အရှင်းချင်ဆုံး အင်အားစုက စစ်တပ်ထဲက ပြီးတော.သူတို.လောက် ခိုးခွင်.လုခွင်. နိုင်ငံရေးနေရာ မရခဲ.တဲ. ဗိုမင်းအောင်လှိုင် အောက်တည်.တည်.က အရာ ရှိများဖြစ်ပါတယ်။

အရပ်သား အခြောင်သမားများ၏ စိတ်ဓါတ်ကတော.-ဘယ်သူပါပါ ငါမထိရင်ပြီးရော.၊ ငါပဲ ရေရှည်အတွက် များများကျန်အောင်၊ ဆိုပြီး ပိုပြောင်တဲ. ကားကို ၀ိုင်းသုတ်အရောင်တင်ပေးမဲ. အနေအထားမှာ ရှိပါတယ်။ အတိုက်အခံ ထဲက ဟင်းဟောင်း ထမင်းဟောင်းစားဖို. ၀န်မလေးသူ တစု ကို သန်းရွှေမွေးထားတဲ.ဒေါက်ခြာတွေက အချိုနဲ. ပူးသတ်၊ လူသစ်အချို. အလုပ်ဟောင်းတွေလုပ်ဖို.ရသွားပြန်ပါတယ်။

အခွင်.အရေး အနည်းငယ်နဲ. မြှားထားတဲ. အောင်မင်း အုပ်စုက ပြည်တွင်း ပြည်ပ အ၀င်အထွက်တွေမှာ ခြေသွက် လက်သွက် ဖြစ်လာတော.၊ အောင်မင်းကို ( သူ.ထက် ပိုချမ်းသာတဲ.) အောင်သောင်းတို. အခြမ်းဖက်က ငွေကြောင်. သက်သက်မဟုတ်ပဲ၊ ပါဝါ အပြောင်းအလဲ ချိန်ဆက်မျှဖို. ပြန်ညစ်ပတ်လာရ ပါတယ်။ မအူပင်မှာ ဖြစ်သွားတာ သမ္မတ သိန်းစိန် သိသော်လည်း၊ သူ.ကို ဒီလောက်အထိ အရှက်ကွဲစေလိမ်.မယ်လို. ထင်မထားတဲ. အတွက်၊ သမ္မတကို သဘောကျတဲ. ပြည်တွင်းက လက်ကျန် အဖွဲ.က အောင်သောင်းတို. ဖက်ကို တန်ပြန်တွေ ၀င်ကြပါလိမ်.မယ်။

စီးပွားရေးရာ အရစူ.ထက်စူ. မြန်မာဝန်ကြီးများ တရုတ်နဲ.ပေါင်း အချင်းချင်းဝါကြွားလို. တိုက်ရာ ခိုးရာပါ် ပစ္စည်းများဖြင်. ယှဉ်ပြိုင်နိုင်ကြသော်လည်း၊ မယှဉ်နိုင်တဲ. အရာက သူတို.တောင် မသိသေးတဲ. ကံကြမ္မာဖြစ်တယ်။ ဦးအောင်မင်း ကလည်း သမ္မတ သိက္ခာကျ အရှက်ကွဲစေတဲ. ကိစ္စ တွေကိုအနည်းငယ် ပြန် အဖတ်ဆည်ပေးမဲ. ၀ှက်ဖဲတွေ ရှိပါတယ်။

သန်းရွှေက ၃ဖွဲ.ကို အချွန်တခုစီနဲ.ထောက်ထားပါတယ်။ စီးပွားရေးအတွက် တူးလ်က ရွှေမန်းလိုလူဖြစ်တယ်။ အောင်သောင်းဖြစ်တယ်။ ၀ ပိုင် ဘဏ်တွေဖြစ်တယ်။ ခရိုနီတွေဖြစ်တယ်။
သန်းရွှေ၏ တရားဝင် နိုင်ငံရေး တူးလ် က သမ္မတ ဖြစ်တယ်။

သမ္မတ၏ တရားဝင် လူထဲဝင်ဖို. အတိုက်အခံနဲ. ၀င်ဝင် ပူးရတဲ. တူးလ် က အောင်မင်း ဖြစ်တယ်။ အောင်မင်း ကိုယ်တိုင် ခရိုနီ အကြီးစား ကြီးပဲ။ ဒီ တူးလ်တွေ အသုံး မကျ မထိရောက်သည်.တိုင်၊ သူ.တို. အချင်းချင်း ကြားမှာ သမ္မတကို ဇာခန်းစီး နောက်ကွယ်က ဖြတ်ခုတ်တဲ. ချောင်က ထွက်လာတဲ. လက်နက်ပုန်းတွေ အတွက် အောင်မင်း ကိုယ်တိုင် ပြန်ဖြေရှင်း၇ပါလိမ်.မယ်။
ဆက်ရန်----
aye aye soe win(FB)သတင်းစာမျက်နှာမှ

0 comments: