6 အထက်မှာ တွေ့ရတာကတော့ ဘရူနိုင်းစော်ဘွားကတော်တဦးရဲ့
၁၉၉၅ မော်ဒယ် မာစီဒီး လို့ ဆိုပါတယ် (ဓာတ်ပုံ - www.benzinsider.com)
အုပ်ချုပ်ရေးပိုင်းမှာ အသုံးပြုဖို့ ကျည်ကာကား ၅ စီး အပါအ၀င် နောက်ဆုံးပေါ်ကား အစီးတရာကျော် ၀ယ်ဖို့ ဒီလဆန်းပိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါပြီ။
လွှတ်တော်က အတည်ပြုတဲ့အတွက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ကုဋေနှစ်ထောင်နီးပါး (သန်းပေါင်း ၁၈၄၇၀ ဒသမ ၅၀၄) သုံးခွင့် ရသွားပါပြီ။ ကုဋေနှစ်ထောင်နီးပါး ရှိတဲ့ ဒီဘတ်ဂျက်ကို တခြား လိုအပ်တဲ့နေရာများမှာ သုံးသင့်တယ်လို့ ယူဆ ကန့်ကွက်သူများ ရှိပါတယ်။ထောက်ခံသူများကတော့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ လုံခြုံရေးလုပ်ငန်းများအတွက် ဒီလို မော်တော်ယာဉ်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။
ဘယ်နေရာမှာ ဒီကားတွေကို သုံးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဝန်ကြီးက လွှတ်တော်မှာ ရှင်းပြခဲ့ပုံကို ဧရာဝတီ သတင်းတပုဒ် http://burma.irrawaddy.org/archives/6907 မှာ ဖတ်ခဲ့ကြပြီးဖြစ်မှာပါ။
“အမျိုးသားစီမံကိန်း ၀န်ကြီးကတော့ အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ အာဆီယံ ဆီးဂိမ်းကို တက်ရောက်ဖို့ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေလာရင် စီးဖို့ မာစီဒီးကားတွေ ၀ယ်တဲ့နေရာမှာ ဘတ်ဂျက်တွေ သုံးရမယ်လို့ ဖြေဆိုသွားတယ်” လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီကို ပြောခဲ့ပါတယ်။
မာစီဒီးက ကားလောကမှာ ကမ္ဘာ့အထင်ရှားဆုံး၊ သက်တမ်းအရင့်ဆုံး တံဆိပ်ပါ။
နေပြည်တော်က ၀ယ်ယူဖို့ မီးစိမ်းပြလိုက်တဲ့ ကျည်ကာကား ၅ စီးရဲ့ အမျိုးအစားက B6 Armored sedan based on Mercedes S500L (V221) လို့ ဆိုပါတယ်။ ဒီကားအမျိုးအစားကို အွန်လိုင်းမှာ ရှာကြည့်တဲ့အခါ - အသစ် ဆိုရင် ဒေါ်လာ တသိန်းခွဲ ဝန်းကျင် ရှိကြောင်း တွေ့ရမှာပါ။
လုံခြုံရေးအတွက် စီစဉ်ထားတဲ့ ဒီကားရဲ့မှန်တွေဟာ ရိုးရိုးမှန်တွေလို့ ထင်ရပေမယ့် သေနတ်ကျည် မဖောက်နိုင်ဘူးလို့ ဆိုပါတယ်။ ကားတာယာတွေကိုလည်း အထူး စီမံထားတဲ့အတွက် ဘီး ပြား သွားရင်တောင် ၁၅ မိုင်လောက် ဆက်မောင်းနိုင်ပါမယ် တဲ့။
လတ်တလော မြန်မာအစိုးရ သုံးနေတဲ့ထဲမှာ ကျည်ကာကား မပါသေးဘူးလို့ ယူဆရပါတယ်။
စပ်မိလို့ ပြောရရင် - ဂျာမနီကား မာစီဒီး မော်ဒယ်မျိုးစုံကို ဟစ်တလာကလည်း ထည်လဲစီးခဲ့တယ်လို့ ၀ီကီအွန် လိုင်းမှာ ရေးထားပါတယ်။ အဓိပတိကြီးက ကျည်ကာမှန်တပ်စီးခဲ့တာပါ တဲ့။
မကြာသေးခင်က တောင်ကိုရီးယား သမ္မတသစ် ကျမ်းသစ္စာဆိုပွဲမှာ သုံးခဲ့တဲ့ကားကလည်း Hyundai အမျိုးအစား ကျည်ဆံလုံတဲ့ ဇိမ်ခံကားလို့ သတင်းတပုဒ်က ဆိုပါတယ်။ AK 47 နဲ့ ပစ်တာလောက်ကိုတော့ ခံနိုင်ရည်ရှိပါတယ် တဲ့။ ပြီးတော့ အရေးပေါ်ချိန်မှာ ကားထဲ အောက်စီဂျင်ပေးတဲ့စနစ် တပ်ထားသလို၊ ဓာတ်ငွေ့နဲ့တိုက်ခိုက်တာ မီးလောင်တာမျိုးတွေ ဖြစ်လာနိုင်ရင်လည်း ခံနိုင်ရည်ရှိအောင် လုပ်ထားပါတယ် တဲ့။ အဲဒါကတော့ Hyundai က ထုတ်တဲ့ ကျည်ကာ/ဇိမ်ခံကားပါ။
နိဂုံးချုပ်ရရင် - မနှစ်က သတင်းစာတွေကနေ ကားဝယ်ဖို့ မြန်မာအစိုးရ ကြော်ငြာထည့်တုန်းကတော့ စုစုပေါင်း ၁၇၂ စီး ရှိပါတယ်။
ကျည်ကာကားကိုတော့ အဲဒီထဲ ထည့်မထားပါ။
အသေးစိတ်က -
မြန်မာပြည်မှာ အသုံးပြုဖို့ ဆိုတော့ ဘယ်မောင်းတွေပဲ ၀ယ်မယ်လို့ ကြော်ငြာက ဆိုပါတယ်။

- Mercedes Pullman ၂ စီး
- Mercedes S350 Bluetec အစီး ၄၀
- Audi A-6 အစီး ၃၀
- Toyota Lexus ES အစီး ၅၀
- Toyota Camry XLE အစီး ၅၀
မြန်မာပြည်မှာ အသုံးပြုဖို့ ဆိုတော့ ဘယ်မောင်းတွေပဲ ၀ယ်မယ်လို့ ကြော်ငြာက ဆိုပါတယ်။
0 comments:
Post a Comment