Saturday, March 9, 2013

နမ့်ဆန်မြို့နယ် အနောက်ပိုင်းကျေးရွာ တိုက်ပွဲများတွင် မြန်မာတပ်ဖွဲ့ အနဲဆုံး ၃ ဦးကျ


၈ ရက် ဖေဖော်ဝါရီလ ၂၀၁၃ ခုနှစ်

နမ့်ဆန်မြို့နယ် အနောက်ပိုင်းရှိ တအာင်း ကျေးရွာများတွင် နမ့်ဆန်မြို့နယ် အခြေစိုက် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း (၂၅၆) နှင့် မြန်မာတပ်ဖွဲ့ ခမရ (၅၀၁)၊ (၅၀၂) တို့ ၇ ရက် - ၈ ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၃ ခုနှစ် တွင် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး မြန်မာတပ်ဖွဲ့ဝင် အနဲဆုံး ၃ ဦးကျဆုံး ကြောင်း သိရှိရပါသည်။

၇ ရက် နေ့နံနက် ၁၀ နာရီခန့်တွင် ရူဆိ-ဂျုံညှား ရွာ အကြားတွင် လည်းကောင်း၊ ယနေ့ ၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆိုရောဝ်း ရွာအနီးတွင် လည်းကောင်း၊ ၁၀ နာရီခန့်တွင် ဆာမ်ငါမ်ရွာ အနီးတွင် လည်းကောင်း တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ 


  
နှစ်(၅၀)ပြည် တော်လှန်ရေးအခမ်းအနား PSLF/TNLA ရဲဘော်များ

တအာင်းတပ်ဖွဲ့ တပ်ရင်း၂၅၆တို့ အခြေပြုလှုပ်ရှားရာ ဒေသရှိ တော်တောင်များတွင် မြန်မာ စစ်ကြောင်းများ တိုးချဲ့ လှုပ်ရှားလာသဖြင့် နှစ်ဖက် ပြောက်ကျားစစ် နာရီပိုင်းကြာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဆိုရောဝ်းရွာ အနီးတွင် ဖြစ်ပွားသော တိုက်ပွဲမှာ တအာင်းတပ်ဖွဲ့ တပ်ရင်း ၂၅၆ ၏ တပ်ခွဲ(၁) ဖြစ်ပြီး မြန်မာတပ်ဖွဲ့ ၁ ဦး ကျဆုံးပြီး၊ တပ်ခွဲ(၃)နှင့် ဖြစ်ပွားသော ဆာမ်ငါမ်ရွာအနီး တိုက်ပွဲတွင် မြန်မာဖက်မှ ၂ ဦး ကျဆုံးပြီး ဒါဏ်ရာ ရရှိမှုများလည်း ရှိကြောင်း သိရှိရပါသည်။ တအာင်းတပ်ဖွဲ့တွင် ထိခိုက်ကျဆုံးမှု မရှိဟု ထိုတပ်ရင်းမှူးက ပြောပြပါသည်

သတင်းနှင့်ပြန်ကြားရေးဌာန
တံပ်အွရ်ပ်ုန်လောတ်ကပီုန်တအာင်း - PSLF/TNLA


0 comments: