Wednesday, March 6, 2013

ဂဠုန်ဆရာစံနယ်မြေမှ တောင်သူလယ်သမားများက တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်

March 5, 2013
 
သာယာဝတီမြို့နယ် ဖားရွှေကျော် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တောင်သူလယ်သမား ခေါင်းဆောင်ကြီး သုပဏ္ဍက ဂဠုန်ရာဇာ ဆရာစံအား အင်္ဂလိပ် အစိုးရမှ ကြိုးပေး ကွပ်မျက်ခဲ့ သည့် မတ်လ ၅ ရက်နေ့တွင် တောင်သူ လယ်သမားများကို ပါတီအဖွဲ့အစည်း များ၊ လူမှုရေး အဖွဲ့အစည်းများက သံဃာ တော်များကို ဆွမ်းကပ် အမျှဝေခြင်းနှင့် အထိမ်းအမှတ် စကားပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားကို သာယာဝတီမြို့ နယ်မှ ဒေါ်မူမူခင်၊ ဦးအောင်မြင့်၊ ဦးစိုး သိန်း၊ ဦးကျော်နိုင်ဦး၊ ဦးဂျာလေးတို့နှင့် ဒေသခံ တောင်သူ လယ်သမား ၁၀၀ ကျော် တက်ရောက် ခဲ့ကြပြီး ရန်ကုန်မြို့မှ သတင်းနှင့် စာနယ်ဇင်းမှ ပုဂ်္ဂိုလ်များလည်း တက်ရောက် ခဲ့ကြသည်။

ပင့်ဆောင် ဖိတ်ကြားထားသော သံဃာတော်များကို တောင်သူလယ်သမား ခေါင်းဆောင် ဆရာစံအတွက် ဆွမ်းကပ် အမျှဝေ ခဲ့ကြပြီးနောက် အခမ်းအနားကို တက်ရောက် လာသူများမှ သာယာဝတီ နယ်မြေမှ တောင်သူလယ်သမားများက နောက်နောင် ကျင်းပမည့် တောင်သူ လယ်သမားနေ့ကို တော်လှန်ရေးကောင်စီ မှ အာဏာသိမ်းသည့်နေ့အား တောင်သူ လယ်သမားနေ့ဟု သတ်မှတ်ထားခြင်း သည် မသင့်လျှော်ဟု ဆုံးဖြတ်ကြပြီးနောက် မသင့်တော်ဟု ဆုံးဖြတ်ကြပြီး နောက် ဆရာစံ၏ ပထမဦးဆုံး တော်လှန်သည့် နေ့ရက်ဖြစ်သော (ဖားရွှေကျော် ပထမတိုက်ပွဲ) ၁၂၉၂ ခုနှစ် ပြာသိုလဆန်း ၅ ရက်၊ ၁၉၃၀ ခုနှစ်ဒီဇင်ဘာလ ၂၃ ရက်ကို တောင်သူလယ်သမားနေ့ဟု အများဆန်္ဒသဘောတူညီ ရယူသတ်မှတ် လိုက်ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသူများကို ဒေသခံများမှ နံနက်စာ ထမင်း ကျွေးမွေးပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
 
Copy from - hotnewsweekly.com

0 comments: