(ဓာတ်ပုံ - လောအယ်စိုး)
MARCH 1, 2013
ပုဂ္ဂလိက သတင်းစာ ၈ စောင် ထုတ်ဝေခွင့် ချပေးလိုက်ပြီလို့ အစိုးရ ပြန်ကြားရေးဌာန တာဝန်ရှိသူတချို့က ပြောပါတယ်။ ထုတ်ဝေခွင့် လျှောက်လွှာ ၁၇ စောင် လက်ခံရရှိတဲ့ထဲက
ခေတ်မိုး
ရွှေနိုင်ငံသစ်
ပြည်ထောင်စုနေ့စဉ်
အင်ပါယာ
The messenger၊
နောက်ဆုံးရနေ့စဉ်သတင်းစာ
မြန်မာနယူးဝိခ်နေ့စဉ်
မဇ္ဈိမ
ဒီ ၈ စောင်ကို ထုတ်ဝေခွင့် ပေးလိုက်ပြီ၊ ၆ စောင်က လျှောက်လွှာမှာ လိုအပ်ချက်တွေ ဖြည့်ဖို့ လိုသေးတယ်၊ ၃ စောင်ကိုတော့ စိစစ်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ၈ စောင်က ဧပြီ ၁ ရက်နေ့မှာ စတင်ပြီး ထုတ်ဝေနိုင်ပြီလို့ သိရပါတယ်။
မထုတ်ခင်တော့ ထုတ်ဝေသူ ယာယီ မှတ်ပုံတင် သက်သေခံ လက်မှတ် ရရှိရေး လိုမျိုး စာရွက်စာတမ်း ကိစ္စတွေ ဆောင်ရွက်သွားရမယ် လို့ သိရပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment