Monday, March 18, 2013

နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်ရဲ့ ပိုင်ဆိုင်မှု တစိတ်တဒေသ

 
ပြည်လမ်း မရမ်းကုန်း မီးပွိုင့်အလွန်ကနေ (န၀ဒေးဖက် မောင်းမယ်ဆိုရင်) ကိုက် ၅၀၀ လောက်မှ စမောင်းလိုက်တာ ၁၀ မိနစ်နီးပါးလောက်အထိ ဖိုးလပြည့် တစ်ဦးတည်း ပိုင်တဲ့ မြေကွက်တွေက ရှည်ပါတယ် (ကြားမှာ ဘယ်သူစိမ်းပိုင်တဲ့ အိမ်/မြေမှ မရှိပါ) ။

၁၀ မိနစ်တောင် ကားမောင်းယူ ရတယ်ဆို ဒီမြေကွက်တွေရဲ့ အကျယ်အ၀န်း ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းလို့ ရတာပေါ့ ဒါ သူ့တစ်ယောက်တည်း ပိုင်တဲ့ ပိုင်ဆိုင်မှုနော် ။ ခုထိ အဲဒီအိမ်ယာ အဆောက်အဦး တစ်တန်းလုံးကို ရာချီတဲ့ မော်တော်ပီကယ်နဲ့ တပ်မတော်သားတွေ အတွက် တန်းလျားတွေ ဆောက်ပြီး ၂၄နာရီ လုံခြုံရေး ပေးထားရပါတယ်။

ကဲ ဘာပြောချင်သေးလဲ ? ဘာတတ်နိုင်သေးလဲ ကိုရွှေမြန်မာတို့ ?

မြန်မာပြည်အတွက် ဥပဒေအထက်မှာ လွှတ်တော် လွှတ်တော်အထက်မှာမှ ဦးသန်းရွှေ
ဦးသန်းရွှေ အထက်မှာဆို အောက်ဆီဂျင် မရှိလို့ လေယာဉ်တွေတောင် ပျံသန်းလို့ မရတော့ဘူး ....
Photo credit - Irrawaddy English (2009)
 
အင်တာနက်စာမျက်နှာသတင်း

0 comments: