Photo - Nang Khin Zay Yar facebook
ရန်ကုန်၊ မတ် ၁
ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်း ပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်း ဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲ အစီအစဉ်များတွင် ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။
"ဒီနေ့ညနေမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကို ဆက်သွယ်လာပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ် တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်
အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါ ကမ်းလှမ်းချက်ကို ရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်း မြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့် အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။
ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှ ပြိုင်ပွဲများတင်မက နိုင်ငံတကာ ပြိုင်ပွဲအရပ်ရပ်မှာပါ အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမ ယုံကြည်ပါတယ်။
အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။
Copy from - Popular Myanmar News Journal
0 comments:
Post a Comment