
ရန်ကုန်၊ မတ် ၂။
ယနေ့ည ၁၂ နာရီ ၂၀ မီနစ် ဝန်းကျင်တွင် လှိုင်သာယာမြို့နယ်၊
၃ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း(၃ ထိပ်)ရှိ အောင်ပရဟိတ ကျောင်း
တိုက်၏ ခေါင်မိုးပေါ်သို့ ဘာသာခြားတစ်ဦး တက်ရောက်နေ
သည်ဟူသော သတင်းကြောင့် အဆိုပါ ရပ်ကွက်တွင်း ရုန်းရင်း
ဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရပ်ကွက်တွင်း နေထိုင်သူ လူအချို့က တွေ့မြင်ခဲ့၍ ဟစ်အော်
ရာမှ ရပ်ကွက် တစ်ခုလုံး တုတ်၊ ဓါးဆွဲကာ ကျောင်းဆောင်အတွင်း
ဝင်ရာက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါ ကျောင်း
ဆောင်အား သက်ဆိုင်ရာ ရဲအရာရှိများက ဝိုင်းဝန်း ပိတ်ဆို့ထား
ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း ကျောင်းတိုက်အတွင်းရှိ သံဃာ
တော် တစ်ပါးက မိန့်သည်။
"ကျောင်းဆောင်ရဲ့ ခေါင်မိုးပေါ်မှာ လူကိုမြင်လို့ ဓါတ်မီးနဲ့ထိုး
ကြည့်ပြီး ဘယ်သူလဲလို့ မေးတယ်။ ပြန်မဖြေဘူး။ ဒါပေမယ့်
ဘုန်းကြီးကျောင်း ခေါင်မိုးပေါ်ကို တက်တာ မြန်မာလူမျိုးတော့
မဖြစ်နိုင်ဘူး။ အဲဒါနဲ့ အော်လိုက်တော့ တစ်ရပ်ကွက်လုံး တုတ်ဓါး
ဆွဲပြီး ထွက်လာတာပဲ" မြင်တွေ့ခဲ့သည်ဟု ဆိုသူ အသက် ၄၀
အရွယ်ခန့် ယောက်ျားကြီး တစ်ဦးက မြန်မာ့ခေတ်သို့ ပြောသည်။
မြင်တွေ့ရသည်ဟုဆိုသော ကျောင်းဆောင် အတွင်းသို့ ရပ်ကွက်
တွင်း နေထိုင်သူများက အော်ဟစ် ရှာဖွေနေစဉ်တွင် သက်ဆိုင်ရာ
တာဝန်ရှိ သူများရောက်ရှိလာပြီး ပိတ်ဆို့ တားမြစ်ရသည်အထိပြု
လုပ်ခဲ့ရကြောင်း သိရသည်။
ရပ်ကွင်းတွင်း နေထိုင်သူ လူဦးရေ ၂၀၀ ခန့်သည် တုတ်ဓါးများဆွဲ
ကာ ကျောင်းဝင်းရှေ့မှ အော်ဟစ်ပြီး တာဝန်ရှိသူများကို အဆိုပါ
ကျောင်းဆောင်ပေါ်သို့ တက်ထိုင်နေသူအား ရှာဖွေပေးရန် တောင်း
ဆိုခဲ့ကြောင်း သိရသည်။
ကျောင်းဆောင်ပေါ်သို့ တက်ထိုင်နေသူ မရှိခဲ့ကြောင်း သက်ဆိုင်ရာ
မှ အတည်ပြုပြီးသော်လည်း ရပ်ကွက်တွင်းနေထိုင်သူများအနေဖြင့်
မိမိတို့ နေထိုင်ရာ လမ်းအလိုက် အဆိုပါ ဘာသာခြားဟု ယူဆရသူ
ကို လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
"လူတွေကလည်း အော်ဟစ်ပြီး တုတ်တွေ ဓါးတွေဆွဲသွားကြတယ်။
ကျွန်မတို့လည်း အပြင်ထွက်ကြည့်တဲ့ အချိန်မှာပဲ ရဲကားတွေအများကြီး
ရောက်လာတယ်။ နောက်တော့ ဒီဘက်မှာ ငြိမ်သွားပြီး ဒါပေမယ့် ၁၁
ကွေ့ဘက်မှာ အစ္စလမ်အချို့နဲ့ ထပ်ပြီး ပြသနာ တက်တယ်ကြားတယ်။"
ဟုရပ်ကွက်တွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုသည် ည ၁ နာရီခန့်ထိ ဖြစ်ပွား
ခဲ့ကြောင်း သိရပြီး အဆိုပါရပ်ကွက် အနီးရှိ သံတံတားလမ်းတွင်
အခင်းဖြစ်ပွားချိန် တစ်ဝိုက်၌ PASSPORT မပြနိုင်သူ နိုင်ငံခြားသား
နှစ်ဦးအား သက်ဆိုင်ရာမှ ထိန်းသိမ်းခဲ့ရသည်ဟု အောင်ပရဟိတ
ကျောင်းတိုက်ရှိ သံဃာတော်တစ်ပါးထံမှ သိရသည်။
ထို့ပြင် လွန်ခဲ့သော ၃ ရက်ခန့်က အောင်ဇေယျတံတား အနီးရှိ
၁၁ ကွေ့တွင် အိမ်ရာအား ဘာသာရေး အဆောက်အဦး ဆောက်
လုပ်မှုနှင့် ပက်သက်၍ ဆောက်လုပ်သူ အစ္စလမ် ဘာသာဝင်အချို့နှင့်
ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရပြီး ယနေ့ နံနက် အစော
ပိုင်းတွင် ၃ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အပေါ်ထိပ်ရှိ ဆိုင်ခန်းအချို့အား
အမည်မသိသူများက ဖျတ်ဆီးသွားခဲ့ကြောင်း သိရသည်။
"မနက်က ကျွန်မဆိုင်ဖွင့်မလို့လာတော့ ဒီနားက ဈေးဆိုင်တွေ
ဖျတ်ဆီး ခံထားရတယ်။ ဆိုင်ပိုင်ရှင်ကလည်း လာမဖွင့်ရဲဘူး။ ဟို
တစ်ခါက ၁၁ ကွေ့ဘက်မှာ ဘုန်းကြီးတရားဟောတဲ့အခွေကို
ခြေထောက်နဲ့ စပြီး နင်းချေတာက စတဲ့ပြသနာပဲ" ဟုရပ်ကွက်ထိပ်
တွင် ဈေးရောင်းသူ ရခိုင်အမျိုးသမီးတစ်ဦးက မြန်မာ့ခေတ်သို့
ပြောသည်။
အဆိုပါ ကိစ္စများနှင့် ပက်သက်ပြီး အောင်ပရဟိတ ကျောင်းတိုက်
ကျောင်းတိုင်ဆရာတော် အရှင် သူရိယက "ကိုယ့်နိုင်ငံကို ကိုယ်
ကာကွယ်ရမှာက မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ သူတို့
ကို ဘာသာရေး အဆောအအုံ မဆောက်နဲ့လို့လည်း ပြောတာ
လည်း မဟုတ်ဘူး။ သာသနာရေး ဌာနက ခွင့်ပြုရင်ဆောက်ပေါ့
ခုဟာက မဟုတ်ဘူး။ နေရာတိုင်းကို ဝါးမြိုချင်နေတာ။ ဒီတော့
၁၁ ကွေ့က ကိစ္စမှာလည်း ဦးဇင်းတို့က ဆောက်တာကို သွားတား
တာပါပဲ။ ဒီလိုတော့ ခွင့်မပြုနိုင်ဘူး" ဟု မြန်မာ့ခေတ်သို့ မိန့်ကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် ရန်ကုန်
မြို့နှင့် အခြားသော မြို့ကြီးများသို့ တစ်ရွေ့တစ်ရွေ့ ကူးဆက်
နေကြောင်း၊ ယခင်လက သာကေတမြို့နယ်အတွင်း၌လည်း
အလားတူ အိမ်ရာအား ဘာသာရေး အဆောက်အဦး ဆောက်
လုပ်မှုနှင့် ပက်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်းနှင့် ယခု လှိုင်
သာယာမြို့နယ်တွင်းတွင်လည်း အလားတူ ပဋိပက္ခများ ဖြစ်ပွား
ရန် အသွင်သဏ္ဍန်ဆောင်လျက်ရှိကြောင်း ဆရာတော်မှ ဆက်
လက်မိန့်ကြားသည်။
"ဒီလိုကိစ္စတွေကို အစိုးရက ကောင်းကောင်းကိုင်တွယ်သင့်
တယ်။ ဒါမျိုးတွေကို ပြေလည်အောင် မဖြေရှင်းလို့ရှိရင် ပြသနာ
တစ်ခုကနေ တစ်ခု အမျိုးမျိုး ကူးဆက်လာနိုင်တယ်" ဟု
အဆိုပါ လှိုင်သာယာမြို့နယ်တွင်း ဖြစ်ပွားမှုများနှင့် သာကေတ
မြို့နယ်တွင်း ဖြစ်ပွားခဲ့မှုများကို ရည်ညွှန်းကာ သုံးသပ်သူအချို့
က ဝေဖန်ပြောဆိုသည်။
စူးရှ
သတင်းရင်းမြစ် - မြန်မာခေတ်သတင်းမှ
0 comments:
Post a Comment