တိုင်းပြည်အတွက် ဒီလောက်စွန့်လွှတ်တဲ့လူတယောက်ကို ၀ိုင်း ရန်တွေ့ကြတဲ့ကိစ္စဟာ အင်မတန် စိတ် ဆင်းရဲစရာကောင်းတယ်။ လက်ပံတောင်းဒေသခံတွေ အပါအ၀င် တတိုင်းပြည်လုံးက တိုင်းရင်းသား ပြည်သူတွေ အားလုံးဟာ တယောက်နဲ့တယောက် ခွင့်လွှတ်ရမယ်၊ သီးခံရမယ်၊ ပြီးတော့ အနဲငယ်မျှသော အကျိုးအမြတ်ကို စွန့်လွှတ်မှ ကြီးကျယ်တဲ့ အကျိုးအမြတ်ကို ရရှိနိုင်မှာ ဖြစ်တယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက မိန့်ကြားပါတယ်။
မတ်လ ၁၆ရက်က ဒီဗွီဘီက တယ်လီဖုန်းနဲ့ မေးမြန်း လျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြား လိုက်တာ ဖြစ်ပါတယ်။
Copy from - DVB TV News
0 comments:
Post a Comment