ဒီကနေ့ ရွှေလီမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ ရလဒ်ကောင်းများ ထွက်လာမယ်လို့ အစိုးရ နဲ့ KIA နှစ်ဘက်စလုံးက ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် တို့ ဆွေးနွေးပွဲ ခေတ္တ နားချိန် လက်ဘက်ရည်ဝိုင်းမှာ စကားပြောနေပုံ နဲ့ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ KIO/KIA မှ ဗိုလ်မှူးကြီး ဇော်ရော်၊ မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်တို့ကို တွေ့ရစဉ်။

ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဥက္ကဋ္ဌ ဦးခွန်ဥက္ကာနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ။
(ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)
Copy from - irrawaddy.org
0 comments:
Post a Comment