မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည
ယခုလ ၁ ရက်တွင် ဖင်လန်နိုင်ငံ သမ္မတ အိမ်တော်၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတက ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် အရှိန် ရလာပြီဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များသည် နောက်ပြန်လှည့်၍ မရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။
မိမိတို့နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေပြီး အခက်အခဲများကို နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ နားလည်စာနာမှု ပူးပေါင်း ကူညီမှုများဖြင့် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဦးသိန်းစိန်က ပြောသည်။
Copy from - thithtoolwin.com
0 comments:
Post a Comment