Wednesday, March 13, 2013

လက်ပံတောင်းတောင်မှာ အာဏာပိုင်တွေ ဖော့စ်ဖရပ်စ် အသုံးပြုမှုအပေါ် အမေရိကန် ကန့်ကွက်


ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ မြန်မာ လုံခြုံရေးတပ် တွေဟာ ဖော့စ်ဖရပ်စ် ပါတဲ့ မီးခိုးဗုံးတွေ အသုံးပြုတယ် ဆိုတာကို အတည်ပြုထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုလို လူအုပ်စုကို ဖြိုခွင်းဖို့ ဖော့စ်ဖရပ်စ် အသုံးပြုတာတွေကို အမေရိကန်နိုင်ငံက ဆန့်ကျင် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မစ္စဗစ်တိုရီးယား နူလန်က ပြောပါတယ်။ ဖော့စ်ဖရပ်စ် ဓာတုပစ္စည်းဟာ လူကို အန္တရာယ် ပေးနိုင်ပြီး လူအုပ်စုကို ထိန်းသိမ်းဖို့ တခြားသင့်တော်တဲ့နည်းလမ်းတွေ ရှိတယ်လို့လည်း မစ္စနူလန်က ပြောသွားပါတယ်။

နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လွတ်လပ်စွာ စုရုံး ဆန္ဒပြခွင့်ကို အကာအကွယ်ပေးဖို့၊ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့နဲ့ လုံခြုံရေး တပ်တွေက အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ဖို့

မြန်မာအစိုးရကို အမေရိကန်က တိုက်တွန်း ထားပါတယ်။
 
အမေရိကန် အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို တဘက်က အားပေး ကူညီနေသလို၊ တခြားတဘက်ကလည်း လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ တိုးတက် ကောင်းမွန်လာဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်း အကူအညီ ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Source: US State Dept
Burma-Newselite(FB) သတင်းစာမျက်နှာမှ

0 comments: