Thursday, March 7, 2013

လူငယ်နှင့် ဒီမိုကရေစီ နား၊ မျက်စိနဲ့ ပါးစပ်တွေကို ဖွင့်ကြရမယ့် ခေတ်ကို ရောက်ပြီဆိုတဲ့ မင်းကိုနိုင်နှင့် တွေ့ဆုံခြင်း

 
March 2013

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားကို အကောင်းမြင်တဲ့သူတွေ ကလည်း “ဟာ ကောင်းလာပြီ၊ အများကြီး ပြောင်းလဲလာပြီ”လို့ ပြောတယ်။ အဆိုး မြင်တဲ့သူတွေကလည်း “တကယ့်တကယ် ပြောပလောက်အောင် ဘာမှရသေးတာ မဟုတ်ဘူး” ဆိုပြီး ပြောတယ်။ အစ်ကို့အမြင်ကို သိပါရစေ။

ကျွန်တော် ဒီစကားကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက် က ပြောပြီးသားပါ။ ကျွန်တော် ထောင်က ထွက်လာလာချင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိတဲ့ကိစ္စကို တစ် ၀က်ကြီး များတောင်လို့ ပြောစေချင်တဲ့ သူကလည်း အတင်း ပြောခိုင်းပါတယ်။ ဒီလောက် ကောင်းနေတာလို့ ပြောပါတယ်။ တချို့တွေကတော့ အဲလိုမဟုတ်ဘူး။ တစ်ဝက်တည်း ရှိတာ၊ နည်းတယ်လို့ ပြောလိုက်လို့ တိုက်တွန်း တာလည်းရှိပါတယ်။ ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ အကောင်းမြင်၊ အဆိုးမြင်တွေ မဖြစ်အောင်လို့ အမြဲ ဂရုစိုက်တယ်။ ပကတိ အတိုင်းပဲမြင်တယ်။ ဖန်ခွက်ထဲတွင် ရေတစ်ဝက် ရှိသည်ပဲ မြင်တယ်။ ဒါပေမဲ့ ကျွန်တော် ဆက်ပြောရမှာက ကျွန်တော်တို့က ငါးလို သတ္တ၀ါတွေ၊ ကျွန်တော်တို့အတွက်က ရေများဖို့တော့ လိုတယ်။ ငါးဟာ ရေမှာအသက် ရှင်ကြရတာ၊ ကူးခပ်ကြရတာ။ အဲဒီတော့ ဒါဟာ ကျွန်တော်တို့အတွက် တစ်ဝက်ကိစ္စ မဟုတ်ဘူး။ အသက်ကိစ္စ။ အဲဒီတော့ ရေကို ကျွန်တော် တို့ရသင့်တဲ့အထိ အပြည့်အ၀ ရအောင်တော့ ကျွန်တော်တို့ အားထုတ်ရလိမ့် မယ်။ အဲဒီတော့
အဆိုးအကောင်းကို ပြောလို့ရှိရင် တိုင်းတာတဲ့ ပေတံက အမျိုးမျိုးရှိတယ်။ ဒီကနေ့ ရောက်နေတဲ့ အနေအထားကိုက ကျွန်တော်တို့ သူများ ပေးသနားလို့ ရောက်နေတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ရုန်းကန် ပြီးတော့ မီဒီယာသမားက မီဒီယာသမား တာဝန်ကျေလို့၊ ပြည်သူ က ပြည်သူ့ တာဝန်ကျေလို့၊ ရဟန်းက ရဟန်း တာဝန်ကျေလို့၊ တက်ကြွ လှုပ်ရှားတဲ့သူတွေကလည်း ကိုယ့်အလုပ်ကို တာဝန် ကျေကျေလုပ်လို့ ဒီအနေအထားရောက်လာတာ။ ငြင်းပယ်လို့ မရတဲ့အရွေ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့က နောက်ထပ် နောက်ထပ်ကိုလည်း သူများက ဘယ်လောက် ပေးရင်တော့ ငါတို့ဘယ်လောက် ရမယ်ဆိုတဲ့ အတွေးမျိုး ထက်စာရင် ရောက်တဲ့ နေရာကနေ ထပ်ပြီးတော့ ရှေ့ကိုတိုးအောင်၊ တိုး  တဲ့အခါမှာလည်း ခြေလှမ်းသွက်အောင်၊ ကျွန်တော်တို့ လုပ်ကြရမှာ။ အား လုံးလက်တွဲကြရမှာပါ။
 
Copy from - Eternal Light Magazine

0 comments: