Monday, March 25, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိုင်အားလုံးကို ညကိုးနာရီ အထိသာဖွင့်ရန် အမိန့်ထုတ်

 

2013-03-25

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးအတွက် စားသောက်ဆိုင်၊ မီနီမားကတ် စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထား ဖွင့်လှစ်ရမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ဒီအမိန့် ထုတ်ပြန်ရတာနဲ့ ပက်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှုးက RFA ကိုအခုလို ပြောပါတယ်။

" စားသောက်ဆိုင်တွေကို ညကိုးနာရီထိပဲဖွင့်ဖို့ အမိန့်ထုတ်တာပါခင်ဗျာ၊ ကိုးနာရီကျော်တဲ့အခါကျရင် သောက်စား မူးယစ်ပြီးတော့ တခြားပြဿနာတွေ ဖြစ်မှာစိုးလို့ ညကိုးနာရီထိသာ ဖွင့်ပါလို့ ကျွန်တော်တို့ အကြောင်းကြား ထားတာပါခင်ဗျ"

မနေ့ညကလည်း ရန်ကုန်တိုင်းအတွင်းက မှုစလင်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ လူစုလူဝေးနဲ့ ဆူပူဖို့ ကြိုးစားခဲ့တာတွေ ရှိပါတယ်။
 
Copy from - RFA Burmese

0 comments: