Thursday, March 14, 2013

နီပွန်ဖောင်ဒေးရှင်း ဒုက္ခသည်တွေကို ဒေါ်လာသန်း ၃ဝဝ ကျော် လှူဒါန်း


ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းဟာ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေက ဒုက္ခသည်တွေကို အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ အင်ယားလိပ် ဟိုတယ်မှာ အင်္ဂါနေ့ က သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ဒုက္ခသည်တွေကို ပညာရေး၊ ကျန်းမာရေး လုပ်ငန်းတွေမှာ အဓိကထား လှူဒါန်းခဲ့တယ်လို့ နီပွန်ဖာင်ဒေးရှင်း ဥက္ကဌ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Sasakawa က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အခုလို ထောက်ပံ့ခဲ့တာတွေကို မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Centre) ရဲ့ အကူအညီနဲ့ ၂ဝ၁၂ခုနှစ်အတွင်းက ပြုလုပ်ခဲ့တာပါ။ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် အကူအညီတွေ ထပ်မံပြီး ပေးသွားဦးမယ်လို့လည်း Mr. Sasakawa က ပြောကြား ခဲ့ပါတယ်။
 
Copy from - RFA Burmese

0 comments: