
2013-03-26
ဘာသာရေး အကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက် စေနိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။
မတ်လ (၂၅) ရက်နေ့စွဲနဲ့ ကြေညာခဲ့တဲ့ သတင်း ထုတ်ပြန်ချက်မှာ အစိုးရအဖွဲ့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေ အပါအဝင် အကြမ်းဖက်မှု အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ အစွမ်းကုန် တားဆီး ကိုင်တွယ်ဆောင်ရွက်သွားမြှာ ဖစ်ကြောင်း၊ အကြမ်းဖက်မှု၊ မီးလောင်မှုနဲ့ အဓိကရုဏ်းတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည် ပြည်သူတွေရဲ့ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အဝ ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး၊ လုံခြုံရေးအခြေအနေ တည်ငြိမ်လာတာနဲ့ အမျှ ဒုက္ခသည် ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ လူသားချင်းစာနာရေး အကူအညီတွေကို လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ့်အပြ င်၊ ပဋိပက္ခကြောင့် ခံစား ထိခိုက်ခဲ့ရတဲ့ လူ့အဖွဲ့အစည်း တွေအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်မယ့် ဆွေးနွေးမှုတွေ၊ စိတ်ခံစားချက်တွေကို ကုစားနိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်က အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်မယ့် အကြမ်းဖက်တာတွေ၊ ဘာသာရေး အစွန်း ရောက်တာတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။
အခုအခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အခြေအနေ တည်ငြိမ်လာနေပြီလို့ ဒေသခံတွေကပြောပါတယ်။
မိတ္တီလာမြို့နယ် လွှတ်တော်အမတ် ဦးဝင်းထိန်က မိတ္တီလာမြို့မှာ အကြမ်းဖက် တိုက်ခိုက်တာတွေ၊ မီးရှို့တာ တွေမရှိတော့ပါဘူး၊ လုံခြုံရေး အခြေအနေ တိုးတက်လာနေပါပြီ၊ ဈေးဆိုင်တွေ ပြန်ဖွင့်နေပြီး အဝေးပြေး ဘတ်စ်ကားတွေလည်း ပြန်ပြေး နေပြီဖြစ်ပါတယ်၊ အဓိကပြဿနာကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား အရင်ကလို ဆက်ဆံရေးမျိုး ပြန်လည် ထူထောင်နိုင်ရေးပဲ ဖြ စ်ပါတယ်လို့ ပြောကြားခဲ့ ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
ဘာသာရေး အကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ
မတ်လ (၂၅) ရက်နေ့စွဲနဲ့ ကြေညာခဲ့တဲ့ သတင်း ထုတ်ပြန်ချက်မှာ အစိုးရအဖွဲ့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေ
အခုအခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အခြေအနေ တည်ငြိမ်လာနေပြီလို့ ဒေသခံတွေကပြောပါတယ်။
မိတ္တီလာမြို့နယ် လွှတ်တော်အမတ် ဦးဝင်းထိန်က မိတ္တီလာမြို့မှာ အကြမ်းဖက် တိုက်ခိုက်တာတွေ၊ မီးရှို့တာ တွေမရှိတော့ပါဘူး၊ လုံခြုံရေး အခြေအနေ တိုးတက်လာနေပါပြီ၊ ဈေးဆိုင်တွေ ပြန်ဖွင့်နေပြီ
Copy from - RFA Burmese
0 comments:
Post a Comment