Thursday, March 14, 2013

"မူလတန်းပညာ မပြီးဆုံးဘဲ စာသင်ခန်း ကျောခိုင်းသူဦးရေ နှစ်စဉ် ၁ဝ သိန်းခန့်ရှိနေ နိုင်ငံတော်အဆင့်မှ ကိုင်တွယ်ရန် ပညာရှင်များ တိုက်တွန်း"


Thursday, March 14, 2013

မူလတန်းပညာ မပြီးဆုံးဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျောခိုင်းထွက်ခွာ သွားသူ နှစ်စဉ် ၁ဝသိန်းခန့်ရှိနေ၍ နိုင်ငံတော် အဆင့်အနေဖြင့် တိုက်ရိုက် ကိုင်တွယ်သွားရန် ပညာရေး ကျွမ်းကျင်သူတို့က တိုက်တွန်းမှု ပြုလုပ်လိုက်သည်။ ပညာရေး ကျွမ်းကျင်သူတို့၏ လေ့လာ တွေ့ရှိမှုတို့အရ ထိုသို့ တိုက်တွန်း လိုက်ခြင်းဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်း တို့၏ ယခုဆောင်ရွက်နေသော ကျောင်းပြင်ပ မူလတန်းပညာရေး ဖြင့် ကုစားနေမှုအပြင် အရှိန်တိုးမြင့် သွားခြင်းနှင့် သက်မွေးဆိုင်ရာ ပညာရပ်များကို သင်ကြားပေးသွား သင့်ကြောင်း နိုင်ငံအဆင့်ပညာ ရေးအကြံပေး ဒေါ်အေးအေးသင်း က ပြောသည်။

''တစ်ချိန်မှာ နိုင်ငံအတွက် အကျိုးပြုရမယ့်သူတွေလေ။ ဒါတွေကို လုပ်ပေးရမယ်'' ဟု ၎င်းက ဆိုသည်။မြန်မာ့ပညာရေးအပေါ် လေ့ လာအကဲဖြတ်မှုကို ကာလတို ဆောင်ရွက်နေရာ ကျောင်းပြင်ပ မူလတန်း ပညာရေး ကိစ္စရပ်နှင့် ပတ် သက်၍ အဖွဲ့များမှ ပညာရေးဝန် ကြီးဌာနသို့ တိုက်ရိုက် အကြံပြု ထားပြီးလည်း ဖြစ်သည်ဟု ၎င်းထံ မှ သိရသည်။

မြို့နယ်ပေါင်း ၃ဝဝ ကျော် တွင် ၂ဝဝ၈ ခုနှစ်မှစ၍ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပညာ ရေးဝန်ကြီးဌာနနှင့် တွဲကာမူလတန်း ကျောင်းများမှ အကြောင်းအမျိုး မျိုးကြောင့် ပြင်ပရောက်သွားသူ

အသက် ၁ဝ နှစ်မှ ၁၄ နှစ် အရွယ် ရှိကလေးများကို တန်းညှိ အစီအစဉ် ဖြင့် ဆောင်ရွက် သင်ကြားပေးနေပြီး ၂ဝ၁၃ ခုနှစ်၌ မြို့နယ် ၇၃ မြို့နယ် ရှိ ကလေးငယ် ၁ဝဝဝဝ ကျော်ကို သာ ဆောင်ရွက် ပေးနိုင်သေးကြောင်း နိုင်ငံအဆင့် လူတိုင်းအတွက် ပညာရေး ညှိနှိုင်းရေးမှူးထံမှ သိရသည်။

ဒေါ်အေးအေးသင်းက ''သိရ သလောက် လေ့လာရသလောက် အဲဒီကလေး ၁ဝဝဝဝ ကျော်ထဲက ပြန်ထွက် သွားကြတဲ့သူတွေတောင် ရှိနေသေးတယ်ဆိုတော့ စဉ်းစား သင့်တယ်။ အများပူးပေါင်းဖို့ လိုနေပြီ''ဟု ပြောသည်။ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူက ကာလတို အကဲ ဖြတ်မှုပြီးဆုံး၍ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ရန် ရှိနေကြပါကြောင်း၊ ၂ဝ၁၅ တွင်လူတိုင်းအတွက် ပညာရေးကိုလည်း အကောင်အထည် ဖော်ရမည် ဖြစ်သဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ဆက်သွယ် မေးမြန်းမှုကို ဖြေသည်။

စာရင်းအရ ကမ္ဘောဇဘဏ်၊ တော်ဝင်မိသားစု၊ ဧရာဝတီ ဖောင် ဒေးရှင်း၊ အဏ္ဏဝါလွှမ်းစသည့် ကုမ္ပဏီများအပြင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ က အစိုးရဦးစီးသော ကျောင်းပြင်ပ မူလတန်းပညာရေး စီမံချက် မြို့နယ်များ၏ ၆ဝ ရာခိုင်နှုန်းကျော်ကို တာဝန်ယူ ပံ့ပိုးပေးနေသော်လည်း တိုးချဲ့ဖို့လိုမည်ဟု ထောက်ပြ နေကြသည်။

Copy from - Popular Myanmar News Journal

0 comments: