
မအူပင်၊ မတ် ၂၆။
မိမိတို့နိုင်ငံတွင် နေရာဒေသတချို့၌ ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခကဲ့သို့သော ဖြစ်ရပ် တချို့သည် ရိုးသားမှု မရှိကြောင်း ရွှေညဝါဆရာတော်က မအူပင်မြို့နယ်ရှိ ပလောင် ရွာသို့ ရောက်ရှိစဉ် မိန့်ကြားသွားသည်။
“နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ဘာသာရေး ပဋိပက္ခတွေဟာ အချိန်မရွေး တစ်တိုင်း တစ်ပြည်လုံးကို ချက်ခြင်း မီးလောင်သွားနိုင်တဲ့ မှတ်တိုင်ကြီး ဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြောချင်တယ်၊ သိပ်မရိုးသားဘူးလို့ ဘုန်းကြီးက ဝေဖန်ချင်တယ်၊ ဘာဖြစ်လို့ ဒီ အကွက်ကျကျနဲ့ ပေါက်ကွဲမှုတွေဟာ ဟိုနား ဒီနား ဖြစ်နေတာလဲ”ဟု ဆရာတော်က ဒေသခံရွာသားများအား ဆုံးမစကား ပြောကြားရာ၌ ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ဆရာတော်နှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း) စသည့် (၈၈)မျိုးဆက် ကျောင်းသားများ သည် ရဲနှင့်ဒေသခံများ အကြား ပဋိပက္ခဖြစ်ပွား ခဲ့ဖူးသော မအူပင်မြို့နယ်ရှိ ပလောင်ရွာရှိ
ဒေသခံများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး အကြံပြုပေးရန် ယနေ့နေ့လည်(၁၁)ခွဲ အချိန်၌ အဆိုပါ ရွာသို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းသိရသည်။
“ကျုပ်လည်း မအားဘူး။ ဒကာမင်းကိုနိုင်တို့လည်း မအားဘူး။ ကျုပ်တို့ နိုင်ငံရေးကို မလုပ်ရဘူးဗျာ။ ကယ်ဆယ်ရေးတွေပဲ လျောက်လုပ်နေရတယ်။ တိုင်းပြည် ဖွံ့ဖြိုးဖို့အတွ က် ကျုပ်တို့ လုပ်နေတာက ရှေ့ကို မရောက်တော့ဘူး။ ပွက်တဲ့နေရာ ဆူတဲ့နေရာ အကုန်လုံး လျောက်ပြီးတော့ သွားနေရတယ။် ”ဟု
ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ထိုကဲ့သို့ ကိစ္စများနှင့် ဆက်စပ်၍ “အဲလို သွားနေရတာကြီးက ကျုပ်တို့ တဖြည်းဖြည်းနဲ့ စဉ်းစားမိတယ်။ဒါ ဘာကြောင့်လဲ။ မွတ်စလင် ဘာသာဝင်တွေဟာ ဧည့်သည် ဘာသာဝင်တွေပါ။ ဧည့်သည် ဘာသာဝင်တွေ လူနည်းစုတွေ ဆိုပြီးတော့ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေက အများစုဆိုပြီးတော့ နိုင့်ထက်စီးနင်း အနိုင်ကျင့် ကြတာတွေတော့ ကျုပ်မတွေ့ခဲ့ဖူးဘူး။ အနိုင်ကျင့်တဲ့ ဗုဒ္ဓဘာသာဝင်တွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် ခုထက်ထိ ကျုပ်မတွေ့သေးဘူး” ဟုမိန့်ကြားသည်။
ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပက်သက်၍လည်း တိုင်းဒေသကြီး တစ်ခုလုံး၏ သိက္ခာ ကျစရာ ဖြစ်သွားနိုင်သည့် အရေးကို လာရောက် ဖြေရှင်းပေးခဲ့ရဖူးေ ကြာင်း၊ ရဲတပ်သားတစ်ဦး သေဆုံး သွားသည့်အတွက် ဝမ်းနည်း ရပါကြောင်းနှင့် နှစ်ဦးနှစ်ဘက် မည်သူမှန်သည် မှားသည် မဝေဖန်ချင်ပဲ နောက်နောင် မဖြစ်ပွားကြစေရန် ဆရာတော်မှ တိုက်တွန်း လိုက်ပြီး ရွာသားများ အနေဖြင့် ဆန္ဒမစောကြရန်၊ အကြမ်း မဖက်ကြရန်နှင့် စိတ်တူ ကိုယ်တူ ညီညီညွတ်ညွတ်နဲ့ လုပ်ကြရန်နှင့် ရသင့်ရထိုက်သည်များကို ဦးတည်ပြီး၍ လိုချင် မှုတစ်ခုတည်းနှင့် လုပ်ဆောင်နေပါက ရသင့်သည်များပါ ဆုံးရှုံးသွားရနိုင်ကြောင်းလ ည်း သတိပေးခဲ့သည်။
ရွှေညဝါ ဆရာတော်သည် ပလောင်ပြဿနာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး ဘဏ္ဍာရေး ၀န်ကြီးဦးဝင်းကိုကိုမှ လှူဒါန်းသော အလှူငွေ (၁)သိန်းကျပ်နှင့် ပလောင်ဒေသခံများ လှူဒါန်းသော အလှူငွေ (၁)သိန်းကျော်အား ပလောင်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။ ၎င်းတို့ ရောက်လာရခြင်းသည်လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းဒေသကြီး အစိုးရနှင့် တောင်သူလယ်သမားများ အကြား နှစ်ဦးနှစ်ဖက် မျှတသော အခြေအနေများ ပေါ်ပေါက်ကာ ဒေသခံများ၏ ဘဝ နေရေးထိုင်ရေး ပြေလည်ပြီး တရားဥပဒေ စိုးမိုးမှုအောက်၌ ဘေးကင်း လုံခြုံသော ဘဝများ ဖြစ်စေချင်သောကြောင့်ဟု ဒေသခံရွာသားများအား မိန့်ကြားခဲ့သည်။
ထက်နောင်နောင်
မိမိတို့နိုင်ငံတွင် နေရာဒေသတချို့၌ ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခကဲ့သို့သော ဖြစ်ရပ် တချို့သည် ရိုးသားမှု မရှိကြောင်း ရွှေညဝါဆရာတော်က မအူပင်မြို့နယ်ရှိ ပလောင် ရွာသို့ ရောက်ရှိစဉ် မိန့်ကြားသွားသည်။
“နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ဘာသာရေး ပဋိပက္ခတွေဟာ အချိန်မရွေး တစ်တိုင်း တစ်ပြည်လုံးကို ချက်ခြင်း မီးလောင်သွားနိုင်တဲ့ မှတ်တိုင်ကြီး ဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြောချင်တယ်၊ သိပ်မရိုးသားဘူးလို့ ဘုန်းကြီးက ဝေဖန်ချင်တယ်၊ ဘာဖြစ်လို့ ဒီ အကွက်ကျကျနဲ့ ပေါက်ကွဲမှုတွေဟာ ဟိုနား ဒီနား ဖြစ်နေတာလဲ”ဟု ဆရာတော်က ဒေသခံရွာသားများအား ဆုံးမစကား ပြောကြားရာ၌ ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ဆရာတော်နှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း) စသည့် (၈၈)မျိုးဆက် ကျောင်းသားများ
ဒေသခံများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး အကြံပြုပေးရန် ယနေ့နေ့လည်(၁၁)ခွဲ အချိန်၌ အဆိုပါ ရွာသို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းသိရသည်။
“ကျုပ်လည်း မအားဘူး။ ဒကာမင်းကိုနိုင်တို့လည်း မအားဘူး။ ကျုပ်တို့ နိုင်ငံရေးကို မလုပ်ရဘူးဗျာ။ ကယ်ဆယ်ရေးတွေပဲ လျောက်လုပ်နေရတယ်။ တိုင်းပြည် ဖွံ့ဖြိုးဖို့အတွ
ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ထိုကဲ့သို့ ကိစ္စများနှင့် ဆက်စပ်၍ “အဲလို သွားနေရတာကြီးက ကျုပ်တို့ တဖြည်းဖြည်းနဲ့ စဉ်းစားမိတယ်။ဒါ ဘာကြောင့်လဲ။ မွတ်စလင် ဘာသာဝင်တွေဟာ ဧည့်သည် ဘာသာဝင်တွေပါ။ ဧည့်သည် ဘာသာဝင်တွေ လူနည်းစုတွေ ဆိုပြီးတော့ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေက အများစုဆိုပြီးတော့ နိုင့်ထက်စီးနင်း အနိုင်ကျင့် ကြတာတွေတော့ ကျုပ်မတွေ့ခဲ့ဖူးဘူး။ အနိုင်ကျင့်တဲ့ ဗုဒ္ဓဘာသာဝင်တွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် ခုထက်ထိ ကျုပ်မတွေ့သေးဘူး” ဟုမိန့်ကြားသည်။
ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပက်သက်၍လည်း တိုင်းဒေသကြီး တစ်ခုလုံး၏ သိက္ခာ ကျစရာ ဖြစ်သွားနိုင်သည့် အရေးကို လာရောက် ဖြေရှင်းပေးခဲ့ရဖူးေ
ရွှေညဝါ ဆရာတော်သည် ပလောင်ပြဿနာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး ဘဏ္ဍာရေး ၀န်ကြီးဦးဝင်းကိုကိုမှ လှူဒါန်းသော အလှူငွေ (၁)သိန်းကျပ်နှင့် ပလောင်ဒေသခံများ လှူဒါန်းသော အလှူငွေ (၁)သိန်းကျော်အား ပလောင်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။ ၎င်းတို့ ရောက်လာရခြင်းသည်လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းဒေသကြီး အစိုးရနှင့် တောင်သူလယ်သမားများ အကြား နှစ်ဦးနှစ်ဖက် မျှတသော အခြေအနေများ ပေါ်ပေါက်ကာ ဒေသခံများ၏ ဘဝ နေရေးထိုင်ရေး ပြေလည်ပြီး တရားဥပဒေ စိုးမိုးမှုအောက်၌ ဘေးကင်း လုံခြုံသော ဘဝများ ဖြစ်စေချင်သောကြောင့်ဟု ဒေသခံရွာသားများအား မိန့်ကြားခဲ့သည်။
ထက်နောင်နောင်
Copy from - The Myanma Age
0 comments:
Post a Comment